Tuesday, December 31, 2013

မိတ္ထီလာ အောင်ဆန်းရပ်ကွက်လျှပ်စစ်ဓာတ်အားပိုမိုပြည့်ဝစွာရရှိသုံးစွဲနိုင်ရေးအတွက် ဓာတ်အားခွဲရုံသစ်တည်ဆောက်


မိတ္ထီလာ  ဒီဇင်ဘာ ၃၀
မိတ္ထီလာမြို့ ၊ အောင်ဆန်းရပ်ကွက်နေ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားပိုမိုပြည့်ဝစွာ ရရှိ သုံးစွဲနိုင်ရေးအတွက် အဆိုပါ ရပ်ကွက်ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေး သင်တန်းကျောင်းအနီး မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမဘေးတွင် ဓာတ်အားခွဲရုံသစ် တစ်ခု တည်ဆောက်လျက်ရှိကြောင်း သိရသည်။

“အောင်ဆန်းရပ်ကွက်အတွက် လျှပ်စစ်ဓာတ်အားကို ၀န်ဇင်းရပ်ကွက်ဘက်က ဆည်မြောင်းဌာနအနီး ထရန်စဖော်မာအိုး က နေလှမ်းယူနေရတာ ခရီးအကွာအဝေးများလွန်းတော့ လျှပ်စစ်ဓာတ်အား ပြည့်ပြည့်၀၀ မရနိုင်ဘူး။ ဒါကြောင့် ဓာတ်အားခွဲရုံ သစ် တည်ဆောက်နေတာပါ။  ၃၃/ ၁၁ ကေဗွီ ၊ ( ၁၀ ) အမ်ဗွီအေ ဓာတ်အားခွဲရုံ ဖြစ်ပါတယ်။ တည်ဆောက်ပြီးစီး သွားရင် အောင်ဆန်းရပ်ကွက်မှာနေထိုင်သူ အိမ်ထောင်စုများသာမက   အနီးအနားပတ်ဝန်းကျင် ရပ်ကွက်ကျေးရွာတွေလည်း အကျိုးကျေးဇူး ခံစားရမှာ ဖြစ်ပါတယ်။ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက တာဝန်ရှိသူတွေ အနေနဲ့ ဒေသခံပြည် သူတွေ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ရရှိသုံးစွဲနိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်နေပါတယ်” ဟု အဆိုပါလုပ်ငန်းမှ ၀န်ထမ်းတစ်ဦး က ပြောသည်။
မိတ္ထီလာမြို့သည် ခရိုင်မြို့ ဖြစ်ကာ မြို့ ပေါ်ရပ်ကွက် ၁၄ ရပ်ကွက် နှင့် ကျေးရွာပေါင်း ၃၇၉ ရွာ ပါဝင်ပြီး မြို့ ပေါ်    ၁၄ ရပ်ကွက်တွင် လျှပ်စစ်မီးလင်းနိုင်ပြီးဖြစ်ကာ ကျေးရွာအများစုသည်လည်း ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်လျက်ရှိကြသည်။  

No comments:

Post a Comment