Monday, December 30, 2013

စည်းကမ်းမဲ့ ဈေးသည်များ တားဆီးပေးပါ



ဖျာပုံမြို့ ပထမလမ်း သီရိရတနာ ဈေးမှစ၍ သီရိမင်္ဂလာ ဈေးကြီးအထိ ပလက်ဖောင်း ပေါ်တွင် ကျူးကျော်ဈေး ရောင်းခြင်း၊ မြောင်းကျော်ဈေး ရောင်းခြင်း၊ ဈေးဘေးလမ်းများ၌ မြောင်းကျော် ဈေးရောင်းခြင်း၊ စက်ဘီး ဆိုင်ကယ် ရပ်နားရာကို သီရိမင်္ဂလာ ဈေးကြီးရှေ့ လမ်းနှစ်ဖက်စလုံး၌ ခွင့်ပြုထားခြင်း၊ ဆိုင်များမှ စည်ပင် လမ်းပေါ်တွင် အကာများ၊ သွပ်ဆူးကြိုး အကာများချထားခြင်း၊ လမ်းပေါ် ဈေးကျူးကျော်ရောင်းချခြင်းတို့ကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားပြီး ယာဉ်တိုက်မှု အန္တရာယ် ဖြစ်ပေါ်ခြင်း၊ အန္တရာယ်ကင်းစွာ ပလက်ဖောင်း ပေါ်မှ လမ်းလျှောက်၍ မရခြင်းတို့ ဖြစ်ပေါ်နေပါသည်။

ထို့အပြင် ဈေးကြီးအတွင်း၌ ဆိုင်များမှ လူသွားလမ်းပေါ် ပစ္စည်းများ ခင်းကျင်း ရောင်းချခြင်း တို့ကြောင့် ဈေဝယ်ယူသူများ အတွက် လမ်းလျှောက်၍ မရခြင်းတို့ ဖြစ်ပေါ်နေပါသည်။ သို့ဖြစ်ပါ၍ စည်းကမ်းမဲ့ ဈေးရောင်းသူများ၊ ပြည်သူပိုင် နေရာများကို ပိတ်ဆို့ ရောင်းချ နေကြသူများကို သက်ဆိုင်ရာမှ အရေးယူ ပေးနိုင်ပါရန် စာတည်းထံ ပေးစာမှ တင်ပြ အပ်ပါသည်။

No comments:

Post a Comment