Monday, December 30, 2013

လူနေရပ်ကွက်အတွင်းမှ နွားခြံရွှေပေးစေလို



ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဥပ္ပုံစုရပ်ကွက် မြဝတီ(၂)လမ်း လူနေအိမ် တစ်ခုတွင် နွား ၁၀ ကောင်ကျော် မွေးမြူထားရာ လမ်းထဲတွင် နေ့စဉ်နွားအုပ်ကြီး အဝင်အထွက် ပြုနေသဖြင့် လမ်းပျက် စီးနိုင်ခြင်း၊ စက်ဘီး၊ ဆိုက်ကား၊ ဆိုင်ကယ်များ သွားလာရေး နှောင့်နှေးခြင်း၊ ကလေးသူငယ်များ အန္တရာယ်ရှိခြင်း၊ နွားအညစ်အကြေးများကို ကောင်းစွာ သန့်စင်ခြင်းမရှိဘဲ အိမ်ရှေ့မြောင်းထဲချထားသဖြင့်
 အနံဆိုးများ ထုတ်လွှတ် လျက်ရှိရာ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် လမ်းသူလမ်းသားများ ကျန်းမာရေး ထိခိုက်မှုများ ရှိပါသဖြင့် သင့်လျော်နေရာသို့ ပြောင်းရွှေ့မွေးမြူ စေလိုကြောင်း စာတည်းထံ ပေးစာမှတစ်ဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ထံသို့ ပေးပို့တင်ပြ ပါသည်။

No comments:

Post a Comment