Monday, December 30, 2013

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ သတင်းကြေညာချက်



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
သတ္တုတွင်းဝန်ကြီးဌာန
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ
သတင်းကြေညာချက်
၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၀) ရက်
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်
၁။
သတ္တုတွင်း ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီသည် တန်ဖိုး နည်း ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသာျးေကာက်များ မြန်မာ့ငွေကျပ်ဖြင့် ရောင်းချပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ် မည် ဖြစ်ပါသည်။ ရောင်းချပွဲတွင် တန်ဖိုးနည်းကျောက်မျက်တွဲများနှင့် ကျောက်စိမ်းအသားကျောက်တွဲ C,D (စီ၊ ဒီ) အဆင့်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည် ဖြစ်ပါသည်။

၂။
တန်ဖိုးနည်း ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာငွေကျပ်ဖြင့် ရောင်းချပွဲ တွင် နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များက တင်ပြရောင်းချလိုသည့် တန်ဖိုးနည်း ကျောက်မျက် တွဲများနှင့် ကျောက်စိမ်းအသားကျောက်တွဲ C,D (စီ၊ ဒီ) အဆင့်များကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ထိ စစ်ဆေးလက်ခံခြင်း၊ အခြေခံ ရောင်းဈေး ညှိနှိုင်းသတ်မှတ်ခြင်း၊ ရောင်းချပွဲ ကျင်းပ မည့် နေရာသို့ပြောင်းရွှေ့ခင်းကျင်းခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၃။
ရောင်းချပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော် မတီ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း ရုံးချုပ် (နေပြည်တော်)၊ ကျောက်စိမ်းတူးဖော်ရေး ဌာန (လုံးခင်း)၊ ကျောက်မျက်တူးဖောရေးဌာန (မန္တလေး)၊ မြန်မာ့ကျောက်မျက် ရတနာပြတိုက် (ရန်ကုန်)၊ ကျောက်မျက် တူးဖော်ရေးဌာန (မိုးကုတ်)၊ ကျောက်မျက်တူးဖော်ရေးဌာန (မိုင်းရှူး) နှင့် မြစ်ကြီးနားမြို့၊ ခန္တီးမြို့၊ မိုးညှင့်မြို့များတွင် အခြေပြုသည့် ကျောက်စိမ်းတူးဖော်ရေးဌာန (စခန်းရုံး) များတွင် ဆက်သွယ် စုံစမ်းနိုင်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ

No comments:

Post a Comment