မန္တလေး ဒီဇင်ဘာ ၂၇
(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို မန္တလေးတိုင်းဒေသကြီးတွင် ဒီဇင်ဘာ ၃၁ ရက်မှ လွတ်လပ်ရေးနေ့ ဇန်န၀ါရီလ ၄ ရက်နေ့ထိ စီစဉ်ကျင်းပ ဆောင်ရွက်ကြမည် ဖြစ်သည်။
စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့ကို မန္တလေး အောင်မြေသာစံမြို့နယ် အထက (၁၁)၊ ချမ်းအေးသာစံမြို့နယ် အထက (၁၂)၊ မဟာအောင်မြေမြို့နယ် အထက(၁၃)၊ ပြည်ကြီးတံခွန်မြို့နယ် အထက(၂၇)၊ ပုသိမ်ကြီး အထကတို့၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်အဖြစ် ကျင်းပမည်ဖြစ်သည်။
ထို့နောက်၊ ပိုက်ကျော်ခြင်း၊ ချောတိုင်တက်၊ ဂုံနီအိတ်စွပ်ပြေးပွဲ၊ အာလူးကောက်၊ ကလေးပြိုင်ပွဲများ၊ ဖယောင်းတိုင် မီးထွန်းပြေးပွဲ၊ ခြေပူးကြိုးချည်ပြေးပွဲ၊ ထုပ်စည်းထိုး၊ အပ်ပေါက်ထိုးပွဲ၊ မုန့်စား၊ ခေါင်းအုံးရိုက်၊ စက်ဘီးအနှေးစီး၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ဘောလုံးဂိုးကျဉ်းပြိုင်ပွဲ၊ သံပရာသီးဇွန်းကိုက်ပြေးပွဲ၊ ပြေးပွဲ၊ပြိုင်ပွဲ ပျော်ပွဲရွှင်ပွဲများကို မန္တလေးအောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပုသိမ်ကြီး၊ အမရပူရမြို့နယ်များရှိ ရပ်ကွက်အလိုက် အခြေခံပညာကျောင်းများရှိ အားကစားကွင်းများ၊ မြို့နယ် အားကစားကွင်းများ၊ ရပ်ကွက်လမ်းအလိုက် ကျင်းပ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဆုများ ထိုက်တန်စွာ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment