Tuesday, November 26, 2013

မွန်ပြည်နယ်အတွင်း UNDP မှ ကျေးလက်ဖွံ့ဖြိုးရေးဆောင်ရွက်

မော်လမြိုင် နိုဝင်ဘာ ၂၅
မွန်ပြည်နယ် သံဖြူဇရပ်မြို့ အုပ်ချုပ် ရေးမှူး ရုံး၌ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှု အစီ အစဉ် UNDP မှ ကျေးလက် ပူးပေါင်း လေ့လာ အကဲ  ဖြတ်ခြင်း၊ ကျေးရွာ အုပ်စု ဖွံ့ဖြိုးရေး အစီ အစဉ် ရေးဆွဲခြင်း သင်တန်းကို နိုဝင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့ UNDP အခြေစိုက်ရုံးမှ ဦးဇော်ဝင်းစီနှင့် အဖွဲ့ဝင် များက သင်တန်း ပို့ချ ပေးပြီး သင်တန်းသို့ သင်တန်သား သင်တန်းသူ ၃၀ ခန့် တက်ရောက်၍ သုံးရက်ကြာ ဖွင့်လှစ် သွားမည် ဖြစ်သည်။

အလားတူ ပေါင်မြို့နယ် အုပ်ချုပ် ရေးမှူးရုံး အစည်း အဝေး ခန်းမ၌လည်း ဒေသန္တရ အုပ်ချုပ်ရေး အစီ အစဉ်၊ ကျေးလက် ပူးပေါင်း လေ့လာကာ အကဲ ဖြတ်ခြင်း နည်းဖြင့် ကျေးရွာ အုပ်စု ဖွံ့ဖြိုးရေး အစီ အစဉ် ရေးဆွဲခြင်း သင်တန်းကို ပေါင်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးမြင့်နိုင် UNDP မှ မွန်ပြည်နယ် ညှိနှိုင်း ရေးမှူး နှင့်အဖွဲ့တို့သည် ပေါင်မြို့နယ် ရင်းငြိမ်မြောက်/ တောင်ကျေး ရွာပါ ကျေးရွာ ၁၈ ရွာမှ အုပ်ချုပ်ရေး မှူးများနှင့် စာရေး ဝန်ထမ်းများ စုစုပေါင်း ၄၀ ခန့် တို့ကို UNDP မှ လုပ်ဆောင် ချက်များကို ရှင်းလင်းကာ သင်တန်း ပို့ချသည်။
အဆိုပါ သင်တန်းကို ပေါင်မြို့နယ် ရပ်ကွက်၊ ကျေးရွာ အုပ်စု ၅၄ စုမှ သင်တန်းသား ၁၀၈ ဦးကို တစ်ရက်လျှင် ၃၆ ဦးစီ သင်တန်း ပို့ချလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment