Tuesday, November 26, 2013

သစ္စာပြုတောင် သောက်သုံးရေ အခက် အခဲကို အများ စုပေါင်း လှူဒါန်း ငွေဖြင့် လာမည့် နွေရာသီတွင် အကောင် အထည် ဖော် ဆောင်ရွက် နိုင်တော့ မည်

မိတ္ထီလာ မြို့နယ် မိတ္ထီလာ- သဖန်း ကျေးလမ်းနှင့် တစ်မိုင်ခန့် အကွာတွင် တည်ရှိသည့် သစ္စာပြုတောင် ဘုန်းတော် ကြီးကျောင်း တွင် သီတင်းသုံး နေထိုင် သည့် သံဃာတော် များ ကြုံတွေ့ နေရသည့် သောက်သုံးရေ အခက် အခဲကို အများ စုပေါင်း လှူဒါန်း ငွေဖြင့် လာမည့် နွေရာသီတွင် အကောင် အထည်ဖော် ဆောင်ရွက် နိုင်တော့ မည်ဖြစ် ကြောင်း သိရ သည်။

"ပြီးခဲ့တဲ့ စက်တင်ဘာ လ ၉ ရက်က မြန်မာ့ အလင်း သတင်းစာမှာ သစ္စာပြုတောင်နှင့် တုတ်တိုင်း ဘုရားဆိုတဲ့ သတင်း စာမူ ပါလာတဲ့ နောက်ပိုင်း ရန်ကုန်နဲ့ အခြား စေတနာရှင် တွေက သတင်းမှာ ပါတဲ့ သစ္စာ ပြုတောင်က သောက်သုံး ရေ အခက် အခဲကို ဘယ်လို လှူဒါန်း ဆောင်ရွက် ပေးရမလဲ ဆိုပြီး ဖုန်းဆက် ကြတယ်။ လက်တွေ့ လည်း လာရောက် လှူဒါန်း ကြတယ်။ အချို့ဆို လူကိုယ်တိုင် မမြင်ဘူး ပေမယ့် ဖုန်းနဲ့ ဆက်သွယ် ပြီးတော့ သောက်သုံးရေ ကိစ္စမှာ အသုံးပြု မယ့် ပစ္စည်းတွေ ဝယ်ယူ ပေးပို့ လှူဒါန်း ကြတယ်။ အခုတော့ သောက်သုံးရေ အခက် အခဲ ပြေလည် သွားပြီ။ အဲဒီ အတွက် သတင်း ရေးသား ပေးပို့သူနဲ့ သတင်း ဖော်ပြ ပေးတဲ့ မြန်မာ့အလင်း သတင်းစာကို ဘုန်းကြီးက ကျေးဇူး တင်ပါတယ်'' ဟု သစ္စာ ပြုတောင် ဆရာတော် ဘဒ္ဒန္တအာသဖ (ဓမ္မာစရိယဝိနယဝိဒူ) က မိန့်ကြားသည်။
သစ္စာ ပြုတောင်နှင့် မလှမ်း မကမ်း ဥယျာဉ် မြေအတွင်း အနက်ပေ ၁၈၀ နှစ်လက်မ ရေတွင်း တူးပြီး ဂါလန် ၅၀၀၀ ဆံ့ ရေလှောင်ကန် တည်ဆောက်ကာ ရေလှောင်ကန် မှတစ်ဆင့် ပေ၂၈၃၀ အကွာ အဝေးတွင် တည်ရှိသည့် တောင်ပေါ် ဘုန်းကြီး ကျောင်းသို့ ရေပိုက်ဖြင့် သွယ်တန်းကာ သောက်သုံးရေ တင်ပို့နိုင်ရန် စီစဉ် ဆောင်ရွက်ထား ပြီး ရေတွင်းနှင့် ရေလှောင် ကန်ကို တူးဖော် တည်ဆောက် ပြီးစီး သွားပြီ ဖြစ်သည်။
ရေပိုက်လိုင်း သွယ်တန်းရန် အတွက် သီးနှံ ယာခင်း များကို ဖြတ်သန်း တူးဖော်ကာ ပြုလုပ်ရမည် ဖြစ်ရာ သီးနှံများ ရိပ်သိမ်း ပြီးစီးသည့် လာမည့် နွေရာသီ ကာလတွင် ရေပိုက်လိုင်း သွယ်တန်း ခြင်းကို ဆောင်ရွက်မည် ဖြစ်သည်။
လှူဒါန်း
သစ္စာပြုတောင် သောက်သုံးရေ အခက်အခဲ အတွက် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းသန်း မိသားစုက ကျပ် ၃၁၇၀၀၀၀၊ ဗိုလ်မှူးကြီး ဇော်မိုး(ရန်ကုန်) က ကျပ် ၁၂သိန်း၊ ဒုတိယ ဗိုလ်မှူးကြီး တင်စိုး (နေပြည်တော်) က ကျပ် ရှစ်သိန်း၊ ဦးစောလှဖြူ၊ ဒေါ်စန်းစန်းဝါ မိသားစု (မိတ္ထီလာ)က ကျပ် ၁၂ သိန်း နှင့် အနယ်နယ် အရပ်ရပ်မှ စေတနာရှင် များက လှူဒါန်းငွေနှင့် ပစ္စည်းများ ပေးအပ် လှူဒါန်း ကြခြင်း ဖြစ်သည်။
ပုဂံခေတ် ကျစွာမင်းကြီး၏ သားတော် သစ္စာပြုရာ တောင်တော်တွင် သစ္စာပြုတောင် စေတီတစ်ဆူ တည်ထား ကိုးကွယ် ခဲ့ပြီး အဆိုပါ တောင်တော်တွင် ယခုအခါ သံဃာတော်များ သီတင်းသုံး နေထိုင်လျက် ရှိသည်။ သောက်သုံးရေ အခက်အခဲ အကောင် အထည် ဖော်ပြီးနောက် လျှပ်စစ်မီး သွယ်တန်းနိုင်ရေး အတွက် ဆက်လက် ဆောင်ရွက် နိုင်ရန် ကျောင်းအကျိုးတော်ဆောင် ဦးညွန့်နှင့် ဦးဝင်းမောင် တို့က စီစဉ်လျက်ရှိသည်။ သောက်သုံး ရေနှင့် လျှပ်စစ်မီး သွယ်တန်း ရရှိရေး ပြီးစီး အောင်မြင်ပြီးနောက် မိုးကုတ် ဆရာတော် ဘုရားကြီး၏ နည်းနာနိဿယ အတိုင်း ဝိပဿနာ တရားခန်းများ ဖွင့်ကာ သာသနာပြု လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment