နေပြည်တော် နိုဝင်ဘာ
၃၀
ရန်ကုန်မြို့
ဗဟန်းမြို့နယ်၌ စီတန်းလှည့်လည်ခွင့်ကို ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်
တောင်းခံ ရာတွင် ထည့်သွင်း ဖော်ပြတောင်းခံခြင်း မရှိသည့် ဘာသာရေးယုံကြည်မှုကို စော်ကားရာရောက်သော
ဆိုင်းဘုတ်ကို ကိုင်ဆောင် လှည့်လည်ခဲ့သဖြင့် ဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း
သိရှိရ သည်။
ဖြစ်စဉ်မှာ
နိုဝင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ OIC အဖွဲ့နှင့် ကိုယ်စားလှယ်များအား
လက်မခံနိုင်ကြောင်း ဆန္ဒဖော်ထုတ်ရန် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ငြိမ်းချမ်းစွာ
စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ပြုရန် ခွင့်ပြုချက် တောင်းခံလာသဖြင့်
မြို့နယ်ရဲတပ်ဖွဲ့မှူးက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံ သဘောထားမှတ်ချက် တင်ပြတောင်းခံပြီး
မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်ပြုသင့်ကြောင်း ပြန်ကြား ချက်အရ ခွင့်ပြုပေးခဲ့ကြောင်း
သိရသည်။
သို့ရာတွင်
ဗဟန်းမြို့နယ် ကြားတောရလမ်းမှ ဆန္ဒဖော်ထုတ်သူများ ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၅မိနစ်တွင် စီတန်းလှည့်လည် ထွက်ခွာရာ၌ ခွင့်ပြုချက်တောင်းခံရာတွင်
ထည့်သွင်းေ ဖ်ာပြတောင်းခံခြင်း မရှိသည့် ဘာသာရေး ယုံကြည်မှုကို စော်ကားရာရောက်သော ဆိုင်းဘုတ်အား
ကိုင်ဆောင်ပြီး လှည့်လည်ခဲ့သည်ကို စီစစ်တွေ့ရှိရသည့်အတွက် ပြုလုပ်သူများအား ဖော်ထုတ်အရေးယူနိုင်ရေး
ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
No comments:
Post a Comment