Saturday, November 30, 2013

ပုဂ္ဂလိကပိုင် သတင်း စာများ ထုတ်ဝေခွင့် ပြုခြင်း



နေပြည်တော်၊ နိုဝင်ဘာ ၃၀
ယနေ့ ၃၀-၁၁-၂၀၁၃ ရက်နေ့မှာ နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမ Main Press Center (MPC) မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပုဂ္ဂလိကပိုင် သတင်းစာများ ထုတ်ဝေခွင့် ပြုခြင်းနှင့် ပတ်သက်၍ အောက်ပါ အတိုင်း ထုတ်ပြန်ခဲ့ပါတယ်-

ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့် များအား ပုံနှိပ်သူများ၊ ထုတ်ဝေ သူများ၊ မှတ်ပုံ တင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့က (၁-၄-၂၀၁၃) ရက်နေ့မှ စတင်၍ (၄) ကြိမ်တိုင် ခွင့်ပြု ပေးခဲ့ရာ စုစုပေါင်း (၃၁)ဦး ရှိပြီ ဖြစ်ပါသည်။ (၂၉-၁၁-၂၀၁၃) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်း အဝေးတွင် ဒေါ်စမ်းစမ်းဝင်း The Myanmarwady Daily (မြန်မာဝတီ နေ့စဉ် သတင်းစာ) အား ကာယကံရှင်မှ လုပ်ငန်း လုပ်ကိုင်နိုင်ခြင်း မရှိကြောင်း တင်ပြချက်အရ ထုတ်ဝေခွင့် စာရင်းမှ ပယ်ဖျက် ပေးခဲ့ရာ ထုတ်ဝေခွင့် ပြုထားသော သတင်းစာ စုစုပေါင်း (၃၀) စောင် ရှိပါသည်။ ယင်း သတင်းစာများ အနက် (၁၅) စောင် ထွက်ရှိလျက် ရှိပြီး ကျန် (၁၅) စောင်မှာ လုပ်ငန်း စတင် ဆောင်ရွက်ခြင်း မရှိကြောင်း တွေ့ရှိရ ပါသည်။
ယခုအခါ (၂၉-၁၁-၂၀၁၃) ရက်နေ့တွင် ပြုလုပ်သော ကြီးကြပ်ဗဟို အစည်း အဝေးမှ မြတ်သစ်ဦး ကုမ္ပဏိ ကိုယ်စား ဦးကျော်ကျော်အား အင်္ဂလိပ် ဘာသာဖြင့် The Straits Times Myanmar Edition သတင်းစာအား Reprint အဖြစ် ထုတ်ဝေခွင့် ပြုလိုက်သဖြင့် ထုတ်ဝေခွင့် ပြုသော သတင်းစာ (၃၁) စောင် ရှိပါသည်။
ယင်း အစည်း အဝေးမှပင် ဒေါ်ယမင်းထင်အောင်အား ခွင့်ပြုထားပြီး ဖြစ်သည့် The Myanmar Daily (မြန်မာ နေ့စဉ် သတင်းစာ) အား မူလခွင့်ပြု ထားသည့် မြန်မာ ဘာသာမှ အင်္ဂလိပ် ဘာသာဖြင့် ပြောင်းလဲ ထုတ်ဝေခွင့် ပြုပေး ခဲ့သည့် အပြင် ဦးမျိုးအောင်အား ခွင့်ပြု ထားသည့် International Herald Tribune (အင်္ဂလိပ် ဘာသာ) နေ့စဉ် သတင်းစာ အား မူရင်း သတင်းစာ တိုက်မှ အမည် ပြောင်းလဲ ချက်အရ International New York Times အမည်ဖြင့် ပြောင်းလဲ ထုတ်ဝေခွင့် ပြုခဲ့ပါသည်။
ယခင် ခွင့်ပြုခဲ့သည့် သတင်း စာများအနက် စတင် ထုတ်ဝေခြင်း မရှိ သေးသော သတင်းစာ (၁၅)စောင်သည် (၂၅.၆.၂၀၁၃) ရက်နေ့က နောက်ဆုံး ခွင့်ပြု ခဲ့ခြင်း ဖြစ်ရာ ယာယီ သက်သေခံ လက်မှတ် သက်တမ်း ကုန်ဆုံးမည့် (၃၁.၁၂.၂၀၁၃) ရက်နေ့တွင် (၆) လ ကျော်ပြီ ဖြစ်ပါသည်။ ဤကာလသည် သတင်းစာ တစ်စောင် ထုတ်ဝေရန် အတွက် ပြင်ဆင်ရန် လုံလောက်သည့် ကာလ အတိုင်းအတာ ဖြစ်ပါသည်။ သို့ဖြစ်၍ ယင်း သတင်းစာ ထုတ်ဝေသူများ အနေဖြင့် (၃၁.၁၂.၂၀၁၃) နောက်ဆုံး ထားပြီး စတင် ထုတ်ဝေ သွားရန်နှင့် ထုတ်ဝေခြင်း မပြုနိုင်ပါက ထုတ်ဝေခွင့် များကို ပြန်လည် ရုပ်သိမ်း သွားမည် ဖြစ်ကြောင်း (၂၉.၁၁.၂၀၁၃) ရက်နေ့တွင် ပြုလုပ်သော ကြီးကြပ်မှု ဗဟို အစည်း အဝေးမှ ဆုံးဖြတ်ခဲ့ ပါသည်။

No comments:

Post a Comment