Saturday, November 30, 2013

ကျွန်းစုမြို့နယ် ကျွန်းပတ်လမ်းများ ပြုပြင်ဆောင်ရွက်လျက်ရှိ



ကျွန်းစု နိုဝင်ဘာ ၂၉
ကျွန်းစုမြို့နယ်၌ ကျေးရွာပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျွန်းစုမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးက တာဝန်ယူဆောင်ရွက်လျက်ရှိရာ လမ်းဘေးဝဲ၊ ယာ မြေညှိခြင်း၊ ရေနုတ်မြောင်းများတူးဖော်ခြင်း၊ လမ်း၊ တံတား များ ဆောက်လုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကျွန်းပတ်လမ်းအား ယခင်က ကတ္တလူကျေးရွာ (၃)မိုင် (၆)ဖာလုံမှ ကပကျေးရွာ (၁၂)မိုင် အပိုင်း အထိ ဆောင်ရွက်ပြီး ဖြစ်သည်။ ယ္ခုအခါ ကျွန်းစုမြို့နယ်မှ ကတ္တလူကျေးရွာ လမ်းအပိုင်းအား စက်ယန္တရားများဖြင့် ထပ်ပိုးလွှာ ကတ္တရာခင်းခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသော လမ်းအပိုင်း များအား သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင်နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။
၎င်းကျွန်းပတ်လမ်းအပိုင်းများအား မြို့နယ်ပြည်သူ့ဆောက်လုပ်ရေးက ကြီးကြပ်၍ ဆန်းသစ်အောင် ကုမ္မဏီမှ တာဝန် ယူဆောင်ရွက်လျက်ရှိပြီး လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ အဆင်ပြေစေရန် လုပ်ငန်းခွင် အတွင်း ကျောက်ခွဲစက်များ ချထား၍ လမ်းခင်းကျောက်များ ကြိတ်ခွဲခြင်းလုပ်ငန်းများကိုလည်း လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကျွန်းပတ်လမ်း ခင်းခြင်းများ ဆောင်ရွက်ပြီးစီးပါက ပြည်သူများအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို အချိန်တို အတွင်း ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment