Saturday, November 30, 2013

ရွှေဂုံတိုင် ခုံးကျော် တံတား ပြီးစီး၍ ယာဉ် စမ်းသပ် မောင်းနှင့်မည်


ရန်ကုန် နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန် ချက်အရ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ ကြီးကြပ် မှုဖြင့် Capital Development Ltd., သည် ရန်ကုန် အနောက်ပိုင်း ခရိုင် ဗဟန်းမြို့နယ် ကမ္ဘာအေး စေတီလမ်း ပေါ်ရှိ ဓမ္မစေတီ လမ်းဆုံနှင့် ရွှေတိဂုံ လမ်းဆုံ နေရာတို့ကို ဖြတ်ကျော်
သွားလာနိုင်သည့် ရွှေဂုံတိုင် ခုံးကျော် တတားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်က စတင် တည်ထောင်ခဲ့ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာ၃၀ ရက်တွင် တည်ဆောက်ရေး လုပ်ငန်း ပြီးစီး၍ ဒီဇင်ဘာ ၁ ရက် မွန်းတည့် ၁၂ နာရီတွင် ယာဉ်များ ဖြတ်သန်း မောင်းနှင် စမ်သပ်မှု ပြုလုပ်ပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီသို့ လွှဲပြောင်းပေးအပ် သွားမည် ဖြစ်သည်။
အဆိုပါ တံတား ဒီဇိုင်းအား JFE Engineering Corporation မှ ရေးဆွဲ ထုတ်လုပ်ပြီး Capital Development Ltd., မှ သံကူ ကွန်ကရစ် တံတား အမျိုးအစားဖြစ်ပြီး တံတားရက်မများကို Steel Box Gitder ၁၀ ခန်းနှင့် Plate Girder နှစ်ခန်း ထည်သွင်း ထားကာ သံကူကွန်ကရစ် လွန်တူးဘိုးပိုင်ဖြင့် တည်ဆောက်ပြီး ယာဉ်သွားလမ်း လေးလမ်း ပါဝင်သည်။ လမ်းအကျယ် ၃ ဒသမ ၂၅ မီတာ ယာဉ်သွားလမ်း လေးလမ်း၊ ဝဲ/ ယာတစ်ဖက် တစ်ချက်စီတွင် ၀ ဒသမ ၆ မီတာ အကျယ်ဖြင့် စုစုပေါင်း ၁၄ ဒသမ ၂ မီတာ (၄၅ ဒသမ ၅၉ပေ) ဖြစ်သည်။
ထိုတံတား အရှည်မှာ ပင်မတံတား မီိတာ ၄၈၀၊ တောင်မြောက် ချဉ်းကပ်လမ်း နှစ်ဖက်အရှည် ၁၄၆ ဒသမ ၇၅ မီတာ၊ တောင်ဘက်ခြမ်း ၈၀ ဒသမ ၇ မီတာ၊ မြောက်ဘက်ခြမ်း ၅၆ ဒသမ ၀၅မီတာ စုစုပေါင်း ၆၂၇ ဒသမ ၇၅ မီတာ (၂၀၅၉ ဒသမ ၅၅ ပေ) ဖြစ်ပြီး တံတား ကင်းလွတ်အမြင့် ၅ ဒသမ ၅ မီတာ (၁၈ ပေ) နှင့် အမြင့်ဆုံး ယာဉ်ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်သည်။ ယင်းတံတား ပေါ်တွင် မောင်းနှင်နိုင်သော မိုင်နှုန်းမှာ ၅၁ ကီလိုမီတာ/နာရီဖြစ်ပြီး ယင်းရွှေဂုံတိုင် ခုံးကျော် တံတားသည် သတ်မှတ် ကာလအတွင်း မြို့တော်စည်ပင် သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် Capital Development Ltd., မှ အပြီး တည်ဆောက် နိုင်ခြင်း ကြောင့် ယာဉ်ကြော ပိတ်ဆို့မှု၊ ခရီးသွား ပြည်သူများ ခရီးကြန့်ကြာမှု အခက်အခဲများ ပြေလျော့ သွားမည် ဖြစ်သည်။

No comments:

Post a Comment