Saturday, November 30, 2013

ကျောက်တန်း မြို့နယ် မြကိုင်း တံတား ပြုပြင် ပေးစေလို



ကျောက်တန်း နိုဝင်ဘာ  ၂၉
ရန်ကုန် တောင်ပိုင်းခရိုင်၊ ကျောက်တန်း မြို့နယ်၊ မြကိုင်း ကျေးရွာရှိ မြကိုင်း ချောင်းကူး တံတားကြီး ပျက်စီး ယိုယွင်း နေသည်မှာ ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း ယနေ့ အချိန်အထိ ပြန်လည် ပြုပြင်ခြင်း မရှိခဲ့ပါ။
အဆိုပါ မြကိုင်း ချောင်းကူး တံတားသည် ပင်လယ်ကမ်းခြေ ရွာလေးများနှင့် ကျောက်တန်းမြို့၊ သုံးခွမြို့များသို့ အချိန် ရာသီမရွေး နေ့ညကား၊ ဆိုင်ကယ်၊ စက်ဘီးတို့ဖြင့် အလွယ်တကူ သွားလာနိုင်ရန် ဆက်သွယ် ဆောက်လုပ် ထားသည့် တံတားဖြစ်ပါသည်။ ယခုကဲ့သို့ ပျက်စီး နေသည့် အတွက် ဒေသခံ ကျေးလက်နေ ပြည်သူများမှာ အရေးပေါ် ကျန်းမားရေး အခြေအနေ များမှအစ လူမှုရေးအဆုံးနှင့် အလှမ်းကွာ အဆက်အသွယ် ပြတ်တောက် နေကြောင်း ဒေသခံ တစ်ဦးမှ ပြောပါသည်။
သို့ပါ၍ မြကိုင်း ချောင်းကူး တံတားအား အမြန်ဆုံး ပြုပြင် ပေးနိုင်ပါရန် ရေးသား တင်ပြအပ် ပါသည်။

No comments:

Post a Comment