Saturday, November 30, 2013

ထားဝယ်မြို့၌ အလုပ်အကိုင်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ


ထားဝယ် နိုဝင်ဘာ ၂၉
အလုပ်အကိုင်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ ၏လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ (၂၉)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် အလုပ်အကိုင်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဘုန်းဆွေက အမှာစကား ပြောကြားပြီး လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းသန်းက ဆပ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဘုန်းဆွေ၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခုံသမာဓိ အဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေး အဖွဲ့ဝင်များ၊ ထားဝယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ကုမ္မဏီပိုင်ရှင်/လုပ်ငန်းရှင်များနှင့် စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင် - ပြန်/ဆက်ဦးစီးဌာန

No comments:

Post a Comment