Sunday, November 24, 2013

၁၃၇၅ ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီး စာပေ ပညာရှင်များအား ပူဇော် ကန်တော့ပွဲ အတွက် အလှူငွေ ပေးအပ်ပွဲ ကျင်းပ

ယခုနှစ်တွင် သက်ကြီး စာပေပညာရှင်(၂၁)ဦး တိုးလာပြီး ကွယ်လွန်သူ (၂၀)ရှိ၍ စုစုပေါင်း (၁၇၁)ဦး ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတရုံး၊ ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် အဖွဲ့အစည်း အသီးသီးက ဝိုင်းဝန်းကူညီကြသည့် အတွက် ယခုဆိုလျှင် အလှူငွေများ ပိုမို ရရှိလာပါကြောင်း၊ သုတ၊ ရသစာပေများ၊ အသိအလိမ္မာ ဉာဏ်ပညာ စာပေများကို ရေးသား ခဲ့ကြသည့် သက်ကြီး စာပေပညာရှင်များအား ထိုက်ထိုက် တန်တန် ပူဇော် ကန်တော့နိုင်မည် ဖြစ်သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက် မိပါကြောင်းဖြင့် ယနေ့ နံနက် (၁၀)နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း အစည်းအဝေး ခန်းမ၌ ကျင်းပသည့် သက်ကြီး စာပေပညာရှင်များအား ပူဇော် ကန်တော့ပွဲ အတွက် အလှူငွေ ပေးအပ်ပွဲတွင် မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်)က ပြောကြားသည်။

ထို့နောက် အလှူငွေများကို ပေးအပ် လှူဒါန်းကြရာ နိုင်ငံတော် သမ္မတရုံးက ငွေကျပ် (၅၃၁၀၀၀၀)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ငွေကျပ်(၈၅၅၀၀၀၀)၊ ပြန်ကြားရေး ဝန်ကြီးဌာနက ငွေကျပ် (၁၀)သိန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတို့က ငွေကျပ်(၅)သိန်းစီ၊ မြန်မာနိုင်ငံရှိ ပုံနှိပ်သူများက ငွေကျပ် (၇၉)သိန်း၊ မြန်မာနိုင်ငံရှိ စာပေ ထုတ်ဝေသူများက ငွေကျပ် (၃၈)သိန်း၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းက ငွေကျပ် (၁၀)သိန်း၊ ဦးကျော်မင်းနိုင် (ကောင်းသန့်ကျော် ကုမ္ပဏီ)က ငွေကျပ်သိန်း (၄၀)၊ ဆရာတော် အရှင်ဇ၀န (မေတ္တာရှင် ရွှေပြည်သာ)အား အမှူးထား၍ ဦးစိုးတင့်+ ဒေါ်ခိုင်ခိုင်အေး မိသားစု၊ ဒေါက်တာတင်ထွန်းဦး+ ဒေါက်တာ ခင်မိုးမိုး(သုတစွယ်စုံ မီဒီယာဂရုပ်)၊ သတင်းစာဆရာကြီး၊ စာရေးဆရာကြီး ဦးအုံးဖေ(တက်တိုး)+ ကဗျာဆရာမကြီး ဒေါ်ရင်နု (နုယဉ်)တို့အား အမှူးထား၍ သမီး ဒေါ်ငွေရည်နှင့် ခင်ပွန်း စာရေးဆရာ အယ်ဒီတာ ကောင်းညွန့် မိသားစုတို့က ငွေကျပ် (၁၀)သိန်းစီ၊ ဦးမောင်မောင်အေး (မောင်ဟေမာ) အလင်္ကာဝတ်ရည် စာပေနှင့် အနုပညာ လုပ်ငန်းက ငွေကျပ်(၈)သိန်း(၅)သောင်း၊ ရှိုင်းဟုတ် ကုမ္ပဏီ လီမိတက်က ငွေကျပ် (၅)သိန်း၊ ဦးခင်မောင်သိန်း+ စူစန်သိန်း (အမေရိကန်ရောက် စာရေးဆရာမ စစ်ကိုင်း မစိမ်းစိမ်း)က ငွေကျပ် (၄၂၇၀၀၀)၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ မိသားစု၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး၊ ဗိုလ်မှူး သက်ထွန်း(ငြိမ်း)+ ဒေါ်သီသီနွယ် (ဗိုလ်ချုပ်ဈေး)၊ မြန်မာနိုင်ငံ ပုံနှိပ် ထုတ်ဝေသူနှင့် လုပ်ငန်းရှင်များ အသင်းနှင့် ဦးဇော်မင်း (မင်္ဂလာကုမ္ပဏီ) မိသားစုတို့က ငွေကျပ် (၃)သိန်းစီ၊ ဗိုလ်မှူးချုပ် စည်သူတင်ဖေ (ငြိမ်း)+ ဒေါ်သိန်းဆိုင် (စာရေးဆရာမကြီး မမြတ်လေး) မြတ်လေးရုံမိသားစု၊ ဆရာမကြီး ဒေါ်စောမုံညင်း မိသားစု၊ ဒေါက်တာ ဒေါ်ရီရီလှ (ယုဝတီခင်ဦး)နှင့် ဦးကျော်ဆွေ(ခ) Mr.Katoda + ဒေါ်သင်းသင်းနိုင်၊ သမီး မသင်းစန္ဒာဆွေတို့က ငွေကျပ် (၂)သိန်းစီ နှင့် ကျန်အလှူရှင်များက အလှူငွေများကို ပေးအပ် လှူဒါန်းကြရာ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌနှင့် အလုပ် အမှုဆောင်များက လက်ခံကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။
ယင်းနောက် သက်ကြီး စာပေပညာရှင်များ ပူဇော် ကန်တော့ပွဲအတွက် ဘဏ္ဍာငွေ ရှာဖွေရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
အခမ်းအနားသို့ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးဉာဏ်ထွန်းဦး၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)နှင့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ယနေ့ အခမ်းအနားတွင် အလှူရှင် (၆၂)ဦးတို့က အလှူငွေကျပ် (၄၂၆၉၅၀၀၀)နှင့် အလှူပစ္စည်း ငွေကျပ်(၃၉) သိန်း တန်ဖိုးရှိ ပစ္စည်းများ စုစုပေါင်း ငွေကျပ် (၄၆၅၉၅၀၀၀)တို့ကို ပေးအပ် လှူဒါန်းကြကြောင်း သိရသည်။

No comments:

Post a Comment