Sunday, November 24, 2013

ပြန်ကြားရေး ဒုတိယ၀န်ကြီး ပဲခူးတိုင်းဒေသကြီးမှ ၀န်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၃
ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးပိုက်ထွေးသည် နိုဝင်ဘာ ၂၃ ရက်တွင် ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စာကြည့်တိုက်တွင် ပဲခူး၊ တောင်ငူ ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၀န်ထမ်းများ၊ မြန်မာ့အသံ ထပ်ဆင့်လွှင့် စက်ရုံ ၀န်ထမ်းများနှင့် ရုပ်ရှင်လုပ်ငန်းမှ ၀န်ထမ်းများအား တွေ့ဆုံခဲ့သည်။

အခမ်းအနားတွင် ဒုတိယ၀န်ကြီးက မိမိတို့ ၀န်ထမ်းများအနေနှင့် မိမိတို့၏ ဦးစီးဌာန၏ ရည်မှန်းချက်၊ ဦးတည်ချက်များကို သိရှိကြရန် လိုကြောင်း၊ နိုင်ငံတော် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို သိရှိ နားလည်ပြီး ပါဝင် လုပ်ဆောင်သွားကြရန် လိုကြောင်း၊ မိမိတို့ ၀န်ထမ်းများအနေနှင့် တာဝန်ကျေ မလုပ်ဆောင်ဘဲ အင်တိုက်အားတိုက် လုပ်ဆောင်ပြီး ပြည်သူလူထု ယုံကြည် ကိုးစားအောင် ပျူငှာစွာ ဆက်ဆံပြီး ပြည်သူနှင့်အတူ လက်တွဲ၍ လုပ်ဆောင် သွားကြရန်၊ မိမိတို့ဒေသရှိ စာကြည့်တိုက်များ၊ စာပေ ရေချမ်းစင်များကို စထက်တန်ဖိုး အောင်မြင်အောင် ကြိုးစား လုပ်ဆောင် သွားကြရန်နှင့် ရေရှည် တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက် သွားကြရန် လိုကြောင်း မှာကြားခဲ့သည်။

No comments:

Post a Comment