Saturday, November 30, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂၀၁၁ ၊ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် ပြောကြားခဲ့သည့် မိန့်ခွန်းများ စာအုပ်ထွက်ရှိ



ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်သည့် ဒီမိုကရေစီအစိုးရ တာဝန်ယူပြီးနောက်ပိုင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင် ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂ဝ၁၁ ခုနှစ်၊ ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်များ အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်းများကို စုစည်းပြီး ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း က စာအုပ်အဖြစ်စီစဉ်၍ ၂ဝ၁၃ ခုနှစ်ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင် ဖြန့်ချိရောင်းချမည်ဖြစ်သည်။

အဆိုပါစာအုပ်တွင် နိုင်ငံတော်သမ္မတ၏ ပြည်တွင်း၊ ပြည်ပခရီးစဉ်များ၊ လူထုအဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲများ၊ မိဘပြည်သူများ ထံတင်ပြသည့် ရေဒီယိုမိန့်ခွန်းများအပါအဝင် ၂ဝ၁၁ ခုနှစ်၊ ၂ဝ၁၂ ခုနှစ် နှင့်၂ဝ၁၃ ခုနှစ်အတွင်း ပြောကြားခဲ့သော မိန့်ခွန်းနှင့် အမှာစကား စုစုပေါင်း ၄ဝ ကို စုစည်းထားခြင်းဖြစ်သည်။
၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် ပြောကြားသော နိုင်ငံတော်သမ္မတ၏ ရေဒီယို မိန့်ခွန်းပါ ကောက်နုတ် ချက်ကို ဖော်ပြထားရာ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများမှ တစ်ဆင့် နိုင်ငံတော်အစိုးရက လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် မိဘပြည်သူများ အပေါ်ထားရှိသော စိတ်နေ သဘောထားတို့ကို ထင်ရှားစွာ တွေ့ရှိရမည် ဖြစ်ပေသည်-
“ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်၊ ဆင်းရဲနွမ်းပါးမှု လျော့ကျပြီး စီးပွားရေး ပြန်လည် ဖွံ့ဖြိုး တိုးတက်လာအောင် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေ အတွက် ပိုမို ကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်”။
မိန့်ခွန်းနှင့် အမှာစကားတစ်ခုချင်းစီအလိုက် မှတ်တမ်းဓာတ်ပုံများ ဝေဝေဆာဆာ ထည့်သွင်းဖော်ပြထားရာ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများကို အမှတ်တရစုစည်းထားလိုသူများနှင့် မြန်မာ့နိုင်ငံရေး၏ ဒီမိုကရေစီ လမ်းကြောင်း အချိုးအကွေ့ကို စိတ်ဝင်စားသူ တိုင်း လက်စွဲပြုရမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
စာမျက်နှာ ၂၆၈ မျက်နှာပါရှိသော အဆိုပါစာအုပ်ကို မျက်နှာဖုံးဒီဇိုင်း မြင့်မောင်ကျော် ရေးဆွဲ၍ ရွှေထီး ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ကာ တစ်အုပ်လျှင် ရောင်းဈေး ကျပ် ၃၅ဝဝ နှုန်းဖြစ်ကြောင်း သိရသည်။ အင်္ဂလိပ် ဘာသာဖြင့်လည်း ထုတ်ဝေမည် အဆိုပါ စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် မကြာမီ ဆက်လက်ထုတ်ဝေ သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊
သပြေကုန်းဈေး၊ နေပြည်တော်။
ဖုန်း ဝ၆၇-၄ဝ၄၆၈၁
စာပေဗိမာန်စာအုပ်ဆိုင်၊ ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။
ဖုန်း ဝ၁-၂၄၉ဝ၃၁
စာပေဗိမာန် စာအုပ်ဆိုင်၊ (၈၆)လမ်း ၊ (၂၁)လမ်းနှင့် (၂၂) လမ်းကြား၊ မန္တလေးမြို့။
ဖုန်း ဝ၂-၆၂၉၂၅၊ ၆၂၉၃၁
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း စာအုပ်ဆိုင်၊ ၁၇၃-၁၇၅၊ ပန်းဆိုးတန်း (အလယ်လမ်း)၊ ရန်ကုန်မြို့။
ဖုန်း ဝ၉-၇၃၁ဝဝ၂၇၄
အင်းဝစာပေ၊ အမှတ်(၂ဝဝ/၃ဝဝ)၊ ပန်း ဆိးုတန်းလမ်း၊ ရန်ကုန်မြို့။ ဖုန်း ဝ၁-၂၄၃၂၁၆၊ ၃၈၉၈၃၈
Tab Book Centre ၊ တော်ဝင်စင်တာ၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ဝ၁-၈၆ဝဝဝ၄၃
ထွန်းဦးစာပေဖြန့်ချိရေး၊ အမှတ် (၁ဝ၁)၊ (၈၄) လမ်း၊ (၂၉)လမ်းနှင့် လမ်း (၃ဝ) ကြား၊ မန္တလေး။
ဖုန်း ဝ၂-၃၉၈ဝ၁၊ ၇၂၅၁၈
နဂါးစာပေ၊ အမှတ် (၂၉/ခ)၊ (၈၃) လမ်း၊ (၂၉) လမ်းနှင့် လမ်း (၃ဝ)ကြား၊ မန္တလေး။
မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင်လည်း ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

No comments:

Post a Comment