ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၃၆ / ၂၀၁၃)
၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်)
နေပြည်တော်ကောင်စီ ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပုဒ်မ ၂၈၅ ၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၂)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ
၂၂ နှင့် နေပြည်တော် ကောင်စီဥပဒေ ပုဒ်မ ၄ တို့ပါ ပြဋ္ဌာန်းချက် များအရ စစ်ကိုင်းတိုင်း
ဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးတင်ငွေအား နေပြည်တော်ကောင်စီ
ကောင်စီဝင်အဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်သည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
No comments:
Post a Comment