Tuesday, August 20, 2013

အပြတ်ရှင်းကြရမည့် ယဉ်ကျေးမှု နယ်မြေမှ သိုးမည်းများ



ရဲဂုဏ်မြင့်
ပုဂံ- ညောင်ဦး  ဒေသသည် (အေဒီ-၉၀၀) ခန့်တွင် ပုဂံ ဝန်းကျင် ရှိရွာကြီး ၁၉ ရွာ၊ ကျေးလက် ၁၀၀၀ ကျော်တို့ကို စုစည်းပြီး ပထမ နန်းမြို့ အဖြစ် တုရွင်းတောင် အရှေ့ဘက် ယုန်လွှတ် ကျန်း၌် လည်းကောင်း၊ ဒုတိယ နန်းမြို့ကို သီရိ ပစ္စယာ အရပ်၌ လည်းကောင်း၊ တတိယ နန်းမြို့ကို သီရိပစ္စယာ အရပ်၌ လည်းကောင်း၊ တတိယ နန်းမြို့ကို သီရိ ပစ္စယာ အရပ်၌ လည်းကောင်း၊ ဒုတိယ နန်းမြို့ကို သီရိ ပစ္စယာ အရပ်၌ လည်းကောင်း၊ တတိယ နန်းမြို့ကို ဖွားစော(သမထီး)ရပ်၌ တမ္ပဝတီ ဟူ၍ လည်းကောင် တည်ထောင် ခဲ့ကြသည်။ ပုဂံမင်းဆက် (၅၅) ဆက် ရှိသည့် အနက် (၄၂) ဆက်မြောက် အနောရ် ထာမင်းက (အေဒီ - ၁ဝ၄၄- ၁ဝ၇၇) (မြန်မာသက္ကရာဇ်- ၄ဝ၆-၄၃၉)တွင် ပုဂံ - ညောင်ဦး  ဒေသကို ပထမ မြန်မာ နိုင်ငံတော် အဖြစ်တည် ထောင်ခဲ့ပြီး
အဖိုး မဖြတ် နိုင်သော ဗုဒ္ဓ ဘာသာ ယဉ်ကျေးမှု အမွေ အနှစ် စေတီ ပုထိုးများစွာ တည်ထား ကိုးကွယ် ခဲ့ကြသည်။ ထို့ကြောင့် ပုဂံဒေသ သည် မြန်မာ တို့၏ နှစ်ပေါင်း ၁၀၀၀၀ ခန့်ကြာသော ရှေးဟောင်း သမိုင်း အမွေ အနှစ်မြို့ တော် ဖြစ်သည့် အပြင် ဗုဒ္ဓ ယဉ်ကျေး မှု၏ပြယုဂ် စေတီ ပုထိုး များစွာ ယနေ့တိုင် တည်ရှိ နေသော ဒေသ ဖြစ်သည့် အလျောက် ရှေးဟောင်း အမွေ အနှစ်ကို တန်ဖိုး ထားကြသော ကမ္ဘာလှည့် ခရီးသည်များ မပြတ် ဝင်ထွက် သွားလာ နေသည့် ဒေသ တစ်ခု ဖြစ်လေသည်။
အဆိုပါ ပုဂံ- ညောင်ဦး ဒေသသို့  နိုင်ငံခြားသား ဝင်ရောက် မှုမှာ၂ဝ၁၁ ခုနှစ်တွင် ၁ဝ၂၅၈၇ ဦး၊၂ဝ၁၂ ခုနှစ်တွင် ၁၆၂၉၄၆ ဦးနှင့်၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ် ၁ဝ ရက်နေ့ အထိ ၁ဝ၇၅၅၄ ဦး ဝင်ရောက် ခဲ့သည်။ ဧည့်သည်များ ဝင်ထွက်မှု များပြား လာသည်ကို အခွင့်ကောင်း ယူ၍ မြန်မာ့ လူ့ဘောင် စရိုက်နှင့် ဆန့်ကျင်စွာ သည်းခံ နိုင်ဖွယ် မရှိ သောသည့် ရာဇဝတ် မှုခင်းများ လည်းဖြစ်ပွား လာခဲ့ကြောင်း တွေ့ရသည်။ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ လမှ ဩဂုတ်လ အတွင်း ၎င်းတို့၏ ခရီးဆောင် အိတ်ငယ်နှင့် လက်ဆွဲအိတ် များကို စက်ဘီး ရှေ့ခြမ်း ထဲတွင် ထည့်၍ စီးနင်း သွားလာ နေသော ကမ္ဘာလှည့် ခရီးသည် နိုင်ငံ ခြားသူ အမျိုးသမီး များအား ပြစ်မှု ကျူးလွန် သူတို့က ဆိုင်ကယ်ဖြင့် လိုက်ကာ ခရီးဆောင် အိတ်ငယ်ဖြင့် လိုက်ကာ ခရီးဆောင် အိတ်ငယ်ကို လုယူ ထွက်ပြေးသည့် ဖြစ်စဉ် (၅)ကြိမ်နှင့် လူသူ အရောက် အပေါက် နည်းသည့် ရှေးဟောင်း ဘုရားများ အကြားတွင် တစ်ဦးတည်း လှည့်လည် လေ့လာစဉ် အကြမ်းဖက်၍ လုယက်သည့် ဖြစ်စဉ် (၂)ကြိမ် စုစုပေါင်း မှုခင်း (၇) ကြိမ် ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ကမ္ဘာလှည့် ခရီးသည်များ ပုဂံညောင်ဦး ဒေသသို့ လာရောက် လေ့လာ လည်ပတ် ရာတွင် ကုမ္ပဏီ အစီ အစဉ် ဖြင့် အုပ်စုလိုက် လာရောက်သူ(Packaged Tour) များထက် မိမိ အစီ အစဉ်ဖြင့် လွတ်လွတ် လပ်လပ် သွာလာသူ (Forigen Independent Tour-F.I.T) များမှာ အများဆုံး ဖြစ်သည်။ F.I.T  များမှာ တစ်ဦး ချင်းစီ လမ်းလျှောက်၍ လည်းကောင်း၊ စက်ဘီးများဖြင့် လည်းကောင်း၊ ထင်ရှားသည့် စေတီ ပုထိုးများ အပြင်လူသူ သွားလာမှု နည်းသည့် ရှေးဟောင်း ဘုရား နေရာများ၊ ညအချိန် မီးရောင် မရှိသည့် လမ်းများ သို့ပါ သွားလာ တက်ကြပြီး စက်ဘီး များဖြင့် သွားလာ ရာတွင် ၎င်းတို့၏ အသုံး အဆောင် ပစ္စည်း များနှင့် လက်ဆွဲအိတ် များကို စက်ဘီး ရှေ့ခြမ်း ထဲတွင် ထည့်၍ စီးနင်း သွားလာ လေ့ရှိ ကြသည်။ ထိုသို့ နိုင်ငံခြား ခရီးသည်များ စက်ဘီးစီး သွားလာစဉ် ပြစ်မှု ကျူးလွန် သူများက ဆိုင်ကယ် စီးနင်း၍ စက်ဘီး ရှေ့ခြင်း ထဲမှ လက်ဆွဲ အိတ်နှင့် အသုံး အဆောင် ပစ္စည်း များအား လုယူ ထွက်ပြေးသည့် ဖြစ်စဉ် များနှင့် ရှေးဟောင်း ဘုရားများ ကြားတွင် တစ်ဦးတည်း လှည့်လည် လေ့လာစဉ် လူသူ အရောက် အပေါက် နည်းသည့် နေရာ များ၌ တစ်ဦးချင်း အကြမ်း ဖက်၍ ပစ္စည်း လုယူသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ သာဓက အားဖြင့် ၃-၈-၂ဝ၁၃ ရက်ညနေ ၆ နာရီ မိနစ် ၅ဝ အချိန်တွင် ညောင်ဦးမြို့၊ ညောင်ဦး-ပုဂံ မြို့သစ်သွား ကားလမ်း တောင်ဘက် ခြမ်းရှိ ဆူးလေကုန်း ဘုရား အနီးတွင် ပြင်သစ် နိုင်ငံသူ တစ်ဦးထံမှ ခါးပတ် အိတ်ကို မြန်မာ အမျိုးသား တစ်ဦးက လုယူစဉ် ရုန်းရင်း ဆန်ခတ် ဖြစ်ပွား ခဲ့ပြီး ပြစ်သစ် နိုင်ငံသူတွင် ဝဲမျက်လုံး ဖူးရောင် ညိုမည်း၊ လည်ပင်း၊ ဝဲလက် တို့တွင် ပွန်းခြစ် ဒဏ်ရာများ ရရှိခဲ့ကာ ပတ်စ်ပို့ တစ်အုပ်၊ အမေရိကန် ဒေါ်လာနှင့် မြန်မာ ငွေများ၊ Credit Card နှင့် လေယာဉ် လက်မှတ်တို့ ပါသွား သဖြင့် ညောင်ဦး မြို့မ ရဲစခန်းက (ပ)၉၄/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့် စုံစမ်း ခဲ့သည်။
ညောင်ဦး ခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များနှင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့စု (ပုဂံ)မှ တပ်ဖွဲ့ ဝင်များ ပူးပေါင်းလျက် ပုဂံမြို့ ဟောင်းမှ ချောက်သို့ သွားသော လမ်းဆုံတွင် ပြစ်မှု ကျူးလွန် ခဲ့သူ မြောက်ဦး မြို့နယ် မီးလောင်းဖျား မြောက်ရွာနေ ရဲမင်းစိုး(ခ)မျိုးမင်းဦး အား ဖမ်းဆီး ရမိခဲ့သည်။ စစ်ဆေး ချက်အရ ရဲမင်းစိုးသည် အခင်း ဖြစ်နေ့က ဆူးလေကုန်း ဘုရား အနီးတွင် နိုင်ငံ ခြားသူ တစ်ဦးအား တွေ့ရ၍ အနီးရှိ တုတ် တစ်ချောင်းဖြင့် သုံးချက် ရိုက်ပြီး အိတ်ကို လုယူ ထွက်ပြေး ခဲ့ကြောင်းနှင့် အိတ်အတွင်း၌ ပါသော အမေရိကန် ဒေါ်လာ များကို ညောင်ဦး မြို့ဈေး အတွင်း၌ ငွေလဲလှယ် ခဲ့ကြောင်း သိရ သဖြင့် သက်သေခံ ပစ္စည်း များကို ပြန်လည် သိမ်းဆည်း ခဲ့ရသည်။
အဆိုပါ ဖြစ်စဉ် ကဲ့သို့ လုယက်မှု ကျူးလွန် ခံရသူ အားလုံးမှာ အမျိုး သမီး များသာ ဖြစ်ပြီး ပြစ်မှု ကျူးလွန် သူက ၎င်းတို့အား ပြန်လည် ခုခံခြင်း မပြု နိုင်စေရန် အတွက် ၎င်းတို့ တစ်ဦးတည်း သွားလာ လည်ပတ် စဉ် ကျူးလွန် ခဲ့ကြခြင်း ဖြစ်သည်။ ပြစ်မှု ကျူးလွန် ခံရသူ နိုင်ငံ ခြားသူ များက အကူ အညီ တောင်းခံသည့် အခါ ဘာသာ စကား မကျွမ်း ကျင်မှုကြောင့် ပတ်ဝန်းကျင်ရှိ လူများက အလွယ် တကူ မသိ ရှိနိုင်ခြင်း၊ ကမ္ဘာလှည့် ခရီးသည်များ ပိုင်ဆိုင်သည့် ကင်မရာ၊ အိုင်ဖုန်း၊ လက်ပ်တော့နှင့် နိုင်ငွံခြား သုံးငွေ စသည့် တန်ဖိုး များပြားသော အသုံး အဆောင် ပစ္စည်း များအား အချိန်တို အတွင်း လုယက် နိုင်ခြင်းဖြင့် ငွေရ လွယ်ခြင်း၊ နိုင်ငံခြား သားများ၏ ပစ္စည်း များကို လုယက် ပြီးနောက် ထွက်ပြေး တိမ်းရှောင် နိုင်ရန် လမ်းသွယ်၊ လမ်းကြားများ၊ ချုံပင် ငယ်များ ပေါများ ခြင်းနှင့် နေရာ အများ စုမှာ လူသူ အရောက် အပေါက် နည်းပါးခြင်း စသည် တို့မှာ ပြစ်မှုကျူး လွန်ရန် အတွက် အခွင့် အရေး ပေးနေ သကဲ့သို့ ဖြစ်နေကြောင်း သိရှိရသည်။
မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့သည် ကမ္ဘာလှည့် ခရီးသည်များ သွားလာ နေထိုင် လည်ပတ် ရာတွင် လုံခြုံ အဆင်ပြေ ချောမွေ့ စေရေး အတွက် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့အား ၁၂-၃-၂ဝ၁၃ ရက်နေ့တွင် စတင် တိုးချဲ့ ဖွဲ့စည်း ခဲ့ပြီး ကမ္ဘာလှည့် ခရီးသည်များ အများဆုံး လာရောက်ရာ ဒေသများ ဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် ညောင်ရွှေ ဒေသများတွင် ကမ္ဘာလှည့် ခရီးသည် များ၏ လုံခြုံ ရေးကို ဆောင်ရွက် ပေးလျက် ရှိသည်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့၊ ပုဂံ တပ်ဖွဲ့စုရှိ တပ်ဖွဲ့ဝင် များက နိုင်ငံခြား ခရီးသည် များထံမှ ပစ္စည်း လုယက်ခံ ရမှု များအား စုံစမ်း ဖော်ထုတ် ခဲ့ရာ လုယက် ခံရမှု ခုနစ်ကြိမ် ဖြစ်ပွား ခဲ့သည့် အနက် အမှု နှစ်မှုမှ ပြစ်မှု ကျူးလွန် သူများကို ဖော်ထုတ် အရေးယူ နိုင်ခဲ့သည်။
ဘာသာ တရား ကိုင်းရှိုင်းလျက် ယဉ်ကျေး သိမ်မွေ့၍ ဖော်ရွေ ပျူငှာသော လူမျိုး ဟူ၍ လည်းကောင်း၊ စိတ်ထား ရိုးရှင်း၍ ပွင့်လင်း ဖြူစင် ကြသည် ဟုလည်းကောင်း မြန်မာ တို့၏ ရာစုနှစ် နှင့်ချီကာ တည်ရှိခဲ့ သည့် ကောင်းမြတ်သော ဂုဏ်သတင်း တို့သည် ယခု အခါ ပုဂံမြေ ပြင်၌ ဖြစ်ပွား ခဲ့သော မှုခင်းများ ကြောင့် အမည်း စက်များ စွန်းထင်း ခဲ့ရပြီ ဖြစ်သည်။
ပွင့်လင်း လာသော ခေတ်ကာလနှင့် အတူ ကမ္ဘာလှည့် ခရီးသည် အများ အပြားသည် ယဉ်ကျေးမှု ဟောင်းတို့ တည်ရှိရာ မြန်မာ့မြေသို့ အလု အယက် တိုးဝင် လာကြ တော့မည် ဖြစ်ရာ ဤ အကျည်းတန် အရုပ်ဆိုး လှသော ဖြစ်စဉ် များက ကမ္ဘာလှည့် ခရီးသည် တို့ကို တောခြောက် သည့်ပမာ ဖြစ်သွား နိုင်သည်ကို သတိပြု ကြဖို့ လိုပါ သည်။
ထို့ကြောင့် ပုဂံ-ညောင်ဦး ဒေသတွင် အလားတူ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွား စေရေးအတွက်  ပြည်ထဲရေးဝန် ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန် ချက်နှင့် အညီ ရဲချုပ် ရုံး၏ အစီ အမံဖြင့် မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့မှ ရဲအရာ ရှိကြီးများ ပါဝင်သည့် အဖွဲ့ သည် ပုဂံ-ညောင်ဦး ဒေသရှိ ခရိုင်/မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ အစည်းများ၊ ဟိုတယ် လုပ်ငန်း ရှင်များ အသင်း၊ ဧည့်ခမ်း ညွှန်များ အသင်း၊ ခရီးသွားလုပ် ငန်းရှင်များ အသင်း၊ အနှေးယာဉ် လုပ်ငန်းရှင်များ အသင်းနှင့် လူမှုရေး အဖွဲ့ အစည်းများ ပါဝင်သည့် ပြည်သူ လူထုနှင့် တွေ့ဆုံ၍ ကမ္ဘာလှည့် ခရီးသည် များ၏ လုံခြုံရေး၊ သွားလာ ရာတွင် လုယက်မှု မခံရ စေရေး အပြည့် အဝ လုံခြုံမှု ဆောင်ရွက် ပေးနိုင်ရန် သုံးသပ် ဆွေးနွေး ခဲ့ကြသည်။ ထို့နောက် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့၊ ပုဂံ တပ်ဖွဲ့စုသို့ လှည့်ကင်း/ ဝပ်ကင်းများ ဆောင်ရွက် ရာတွင် အသုံးပြုရန် မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် စက်ဘီးများ လိုအပ်ကြောင်း သုံးသပ် ချက်အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က မော်တော်ယာဉ် သုံးစီး၊ ဆိုင်ကယ် ၁ဝ စီး၊ စက်ဘီး ၁ဝ စီး၊ လက်ကိုင် ဖုန်းများ၊ ဆက်သွယ်ရေး စကား ပြောစက် များနှင့် တပ်ဖွဲ့ဝင် အင်အားများ ကိုပါ ထပ်မံ ဖြည့်ဆည်း ပေးခဲ့သည်။
ထိုသို့ ဖြည့်ဆည်း ပံ့ပိုး ပေးမှုဖြင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့က မှုခင်းများ ထပ်မံ မဖြစ်ပွား စေရေးနှင့် ကမ္ဘာလှည့် ခရီးသည် များ၏ လျုံခုံမှု အပြည့် အဝ ရရှိရေး အတွက် လှည့်ကင်း/ ဝပ်ကွင်း/ရပ်ကင်း များဖြင့် လုံခြုံရေး တာဝန် များကို နေ့ည မပြတ် ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် ယခုအခါ ပုဂံ-ညောင်ဦး ဒေသတွင် ကမ္ဘာလှည့် ခရီးသည် များမှာ လုံခြုံမှု ရရှိနေပြီ ဖြစ်သဖြင့် စိတ်ချမ်း မြေ့စွာ သွားလာ လည်ပတ် နေသည်ကို တွေ့ရှိ နေရပေပြီ။ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု အတွက် အထောက် အကူ ဖြစ်စေရန် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ရဲတပ်ဖွဲ့၏ ဆောင်ရွက် နေမှုများ ပိုမို အောင်မြင် စေရန်နှင့် ရိုးရှင်း ဖြူစင်သော မြန်မာ့ ယဉ်ကျေးမှု မြို့ဟောင်း ပုဂံ နယ်မြေ၌ ကမ္ဘာလှည့် ခရီးသည် များ အားလုံး အေးချမ်းစွာ လည်ပတ် လေ့လာ နိုင်ရေး အတွက် အုပ်ချုပ်ရေး အဖွဲ့ အစည်းများ၊ ဌာန ဆိုင်ရာများ၊ NGO အဖွဲ့ အစည်းများ၊ မိဘ ပြည်သူများ အားလုံး ကပါ ဝိုင်းဝန်း ပါဝင် ကာကွယ် စောင့်ရှောက် ပေးကြရန် လိုအပ်သည်။ သို့မှသာ ကမ္ဘာလှည့် ခရီးသွား တို့အဖို့ မြန်မာ နိုင်ငံသည် လုံခြုံမှု အပြည့် အဝ ရှိပြီး စိတ်ချမ်း မြေ့စွာ သွားလာ လည်ပတ် နိုင်သော ယဉ်ကျေး ပျူငှာ သည့်မြေ ဖြစ်သည်ဟု ခံစား ရလျက် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက် လာမည် ဖြစ်သည့် အပြင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း အပေါ်၌ မှီခို နေကြ ရသည့် ပုဂံ နယ်မြေမှ လူမှု အသိုက် အဝန်း၏ အခြေခံ စီးပွားရေး လုံခြုံမှု ကိုပါ ဆောင်ကြဉ်း နိုင်မည် ဖြစ်ပါကြောင်း ဖော်ပြ လိုက်ရပေ သည်။ ။


No comments:

Post a Comment