ရန်ကုန် အောက်တိုဘာ
၁၄
ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း အာက်တိုဘာ
၁၃ ရက် နံနက် ၀၀ နာရီ ၁၅ မိနစ်ကအင်းစိန် မြို့နယ်
စော်ဘွားကြီးကုန်း ရပ်ကွက် ရန်ကုန်-ပြည်လမ်း စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင်
ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲ သေးသည့် လက်လုပ် မိုင်းတစ်လုံးကို ရှင်းလင်းနိုင်ခြင်းနှင့်
ယင်းနေ့တွင်ပင် ညနေ ၅ နာရီ မိနစ် ၄၀ က သာကေတ
မြို့နယ် ၃/ မာန်ပြေရပ်ကွက် ယမုံနာလမ်း အခွန်လွတ်ဈေးရှေ့ လမ်းဘေး ပလက်ဖောင်း အနီးရပ်ထားသည့်
နောက်တွဲ ယာဉ်အောက်တွင် တွေ့ရှိသည့် ကြွပ်ကြွပ်အိတ် အမည်းဖြင့် ထုပ်ထားသည့် အထုပ်အား
ထက်နိုင်အောင် (၁၄ နှစ်) နှင့် ဝင်းမင်းထွေး
(၁၄ နှစ်)တို့က ၎င်းအိတ်အတွင်းရှိ နာရီလက်တံအား လှည့်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့်
၎င်းလူငယ် နှစ်ဦးတွင် (မစိုးရိမ်ရ) ဒဏ်ရာများရရှိ
ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း ပေါက်ကွဲမှု
နှစ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ မှူး၏ လမ်းညွှန်ကြီး ကြပ်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များတွင် လုံခြုံရေးတိုးမြှင့်
ချထား ဆောင်ရွက်လျက် ရှိပြီး အများပြည်သူများ အနေဖြင့် ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာ နေရာ များနှင့် လမ်းကြို လမ်းကြား များတွင် မသင်္ကာ အထုပ်များတွေ့ရှိပါက
ဖွင့်ဖောက်ခြင်းများ မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ထံနှင့် မြို့နယ် ရဲစခန်းများသို့ ချက်ချင်းသတင်းပို့ပေးကြ ရန်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကလည်း
မိမိရပ်ကွက်ရှိ ရာအိမ် မှူး၊ ဆယ်အိမ်မှူးများအား ဆက်လက် သတင်း ပေးပို့ပေးနိုင်ရေး အသိပေး
အကြောင်းကြား ထားပေးပါရန် ရန်ကုန်တိုင်း
ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မေတ္တာရပ်ခံ လိုက်သည်။
အများပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ပြည်သူများ အထိတ် တလန့် ဖြစ်အောင်နှင့် ထိခိုက်
ဒဏ်ရာရသေစေအောင် အဖျက်အမှောင့် လုပ်ငန်းဖြစ်သည့် ပေါက်ကွဲမှုများ ဖြစ်ပေါ် အောင် လုပ်ဆောင်နေ
သူများအား ဝိုင်းဝန်းကူညီပူးပေါင်း ပါဝင် ဖော်ထုတ်ပေးကြပါရန် တိုက်တွန်း နှိုးဆော် မေတ္တာ
ရပ်ခံအပ်ကြောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့ထုတ်ပြန်ချက်အရ သိရ သည်။
No comments:
Post a Comment