နေပြည်တော်
အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း စက်တင်ဘာ
၂၈ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်တွင်
မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြ
သည်ဟု သံသယရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေး မေးမြန်းလျက် ရှိသူ ၇၈ ဦးအနက် ငါးဦးမှာ
စစ်ဆေးပေါ်ပေါက်မှု မရှိသဖြင့် ယနေ့တွင် ပြန်လွှတ်ပေး
လိုက်ကြောင်း၊ စစ်ဆေးချက်များအရ လင်းသီ ကျေးရွာတွင်
နှစ်ဦး အသတ် ခံရမှုနှင့်ပတ်သက်၍ ဖြောင့်ချက်ပေး သူလေးဦး၊ သဗြုချိုင်ကျေးရွာတွင် ငါးဦး
အသတ်ခံရမှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေး သူနှစ်ဦးနှင့်
မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး စုစုပေါင်း ၃၄ ဦးတို့အား တရား ဥပဒေနှင့် အညီ
အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပြီး ကျန်ရှိနေသူများအား စစ်ဆေးဆဲ ဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့်
ဆူပူအကြမ်းဖက်မှု ပဋိပက္ခများ ဖြစ်ပွားစေရန် ရည်ရွယ်ပြီး နောက် ကွယ်မှ
လှုံ့ဆော်ဖန်တီးသူ များကိုပါ ဆက်လက် ဖော်ထုတ်လျက် ရှိကြောင်းနှင့် ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေး ပေါ်ပေါက်သူများ အား
ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
No comments:
Post a Comment