Wednesday, October 30, 2013

တရားစွဲဆိုမှုများကို ခုခံချေပသွားမည်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း ပြောကြား

ဗန်ကောက်၊ အောက်တိုဘာ ၂၉
ထိုင်းဝန်ကြီးချုပ်ဟောင်းနှင့် ဒုတိယ၀န်ကြီးချုပ်ဟောင်းတို့က ၂၀၁၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင် ဆန္ဒပြသူ များကို အင်အားသုံး နှိမ်နင်းသည့် သွေးထွက်သံယိုမှုနှင့် ပတ်သက်၍ မည်သည့် တရားစွဲဆိုမှုများကိုမဆို ခုခံချေပသွား မည် ဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဝီချာချီဝက သူနှင့် ဒုတိယ၀န်ကြီးချုပ်ဟောင်း ဆူဘန်တို့သည် ၂၀၁၀ ခုနှစ်က ဗန်ကောက်မြို့တော်တွင် နှစ်လကြာ ဖြစ်ပွားခဲ့သော တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည့် ဆန့်ကျင်ဆန္ဒပြမှု အခြေအနေများ ကို ဥပဒေတစ်ရပ်အရ ဆောက်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေမည် မဟုတ် ကြောင်းနှင့် မိမိကိုယ်ကို အပြစ်ကင်းစင်သည်ဟု ယုံကြည်မှုရှိကြောင်း သတင်းထောက်များကို ပြောကြားသည်။
ထိုင်းအစိုးရ ရှေ့နေများက ၂၀၁၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင် ဆန္ဒပြသူများကို အင်အားသုံး နှိမ်နင်းခဲ့မှုတွင် ဆန္ဒပြသူ ၉၀ ခန့် သေဆုံးမှုနှင့်ပတ်သက်၍ ၎င်းတို့နှစ်ဦးကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန် ကြေငြာသည်။ ထိုစဉ်က သေဆုံးသူအများစုမှာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာကို ထောက်ခံသည့် ရှပ်နီများ ဖြစ်သည်။
အေပီ

No comments:

Post a Comment