Wednesday, October 30, 2013

ညောင်ဦးတွင် ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်း လေယာဉ်ကွင်းသွား လမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွား


ညောင်ဦး အောက်တိုဘာ ၂၉
ညောင်ဦးတွင် လေယာဉ်ကွင်းလမ်းဆုံ၌ ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်း အတိုင်း တောင်မှ မြောက်သို့ ယာဉ်မောင်းဦးကြည်စိုး (၄၂)နှစ် ဆိပ်ဖြူမြို့၊ ဂျုပ်ချောင်းကျေးရွာနေသူ မောင်းနှင်လာသော မန္တလာမင်း လိုင်းကား သည် လေယာဉ်ကွင်းလမ်းဆုံအရောက် လေယာဉ်ကွင်းဘက်သို့ ချိုးကွေ့လာသည့် ယာဉ်မောင်း ဦးခင်မောင်ရင်  (၆၆)နှစ် ညောင်ဦးမြို့ သီရိပစ္စယာ တိုးချဲ့ (၄)ရပ်ကွက်နေသူ မောင်းနှင်လာသည့် မက်ခ်တူးတိုယိုတာမော်တော်ယာဉ် (အဖြူရောင်)တို့ အောက်တိုဘာ ၂၉ရက် ညနေ (၄း၃၀)အချိန်က ယာဉ် တိုက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် တိုယိုတာမော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသူ ကိုစန်းထွေး (ခ) ကိုပဲလှော်သည် ညာလက်ဖျံပေါက်ပြဲဒဏ်ရာ (၁)ချက်၊ နှာခေါင်း ပါးစပ် ၀ဲဘက်နားမှ သွေးထွက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ဦးခင်မောင်ရင်မှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ လက်ဖျံပွန်းပဲ့ဒဏ်ရာများ ရရှိ၍ ညောင်ဦးခရိုင်ပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။
အဆိုပါယာဉ်တိုက်မှုနှင့် ပက်သက်၍ ယာဉ်မောင်းများဖြစ်ကြသည့် ဦးကြည်စိုးနှင့် ဦးခင်မောင်ရင်တို့ အား ညောင်ဦးရဲစခန်းမှ ဒုတိယရဲမှူးကြည်ဖေက တရားလိုပြုလုပ်ပြီး ညောင်ဦးရဲစခန်း (ပ)၂၆/၂၀၁၃၊ ပြစ်မှုပုဒ် မ၊ ၃၃၈/၃၀၄ (က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ခရိုင်ပြန်/ဆက် (ညောင်ဦး)

No comments:

Post a Comment