Thursday, October 31, 2013

ဥရောပအပေါ် အမေရိကန် ထောက်လှမ်းနေသည် ဆိုခြင်းကို အမျိုးသား လုံခြုံရေး အေဂျင်စီ ဥက္ကဌ ငြင်းဆို

ဝါရှင်တန်၊ အောက်တိုဘာ   ၃၀
ဥရောပမဟာမိတ် နိုင်ငံများအပေါ် အမေရိကန်က  ထောက်လှမ်းနေသည်ဆိုသည့် မီဒီယာသတင်းများသည်  လုံးလုံး မမှန်ကန်ဘဲ အမှားကြီးများသာ ဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ အင်န်အက်စ်အေ ဥက္ကဋ္ဌ ကိစ် အလက် ဇန္ဒြားက အောက်တိုဘာ   ၂၉   ရက်တွင်   လွှတ်တော်အမတ်များကို ပြောကြားသည်။ 
ပြင်သစ်နှင့် စပိန်နိုင်ငံသား သန်းပေါင်းများစွာနှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့ အပါအဝင် ဥရောပ မဟာမိတ်နိုင်ငံများကို အမေရိကန်က ထောက်လှမ်းနေသည်ဆိုသော မီဒီယာသတင်းများနှင့် ပတ်သက်ပြီး   အမေရိကန် ဥပဒေပြု လွှတ်တော် (ကွန်ဂရက်) ရှေ့မှောက်တွင် ထောက်လှမ်းရေးအဆင့်မြင့် အရာရှိများကို  ကြားနာစစ်ဆေးခဲ့သည်။ “ပြင်သစ်၊  စပိန်၊  အီတလီနိုင်ငံ မှ  သတင်းထောက်တွေက  ဖုန်းခေါ် ဆိုမှုသန်းပေါင်းရာနှင့်ချီပြီး  အင်န် အက်စ်အေက  ဖမ်းယူနားထောင်ခဲ့ တယ်ဆိုပြီး  တွင်တွင်ကြီး  ရေးသား နေကြတာဟာ လုံးလုံးမှားနေပါတယ်” ဟု   လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ကြားနာမှုတွင် အလက်ဇန္ဒြားက ပြောကြားခဲ့သည်။
ဥရောပသားများကို ခြေရာခံနေသည်ဆိုခြင်းများသည် မမှန်ကြောင်း ၎င်းကဆိုပြီး အက်ဒ်ဝပ်စနိုးဒန်း ဆီမှပေါက်ကြားခဲ့ သည့်  ထိပ်တန်းလျှို့ဝှက် မှတ်တမ်းများအပေါ် ဥရောပမီဒီယာများက   အကောက်အယူလွဲမှား ဖော်ပြနေခြင်းသာ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ 
   ဆင်ဟွာ
   
 

No comments:

Post a Comment