Wednesday, October 30, 2013

ကန်တော်ကြီး ဆည်ရေသောက် မယ်ချဉ်ပေါင်အုတ်ရှပ်တားဆည် ကျိုးပဲ့ပျက်စီး


တောင်တွင်းကြီး အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌ အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်း ခဲ့ခြင်း ကြောင့် ကန်တော်ကြီး ဆည်ရေသောက် တရုပ်ကော ကျေးရွာအုပ်စု သဖန်းကုန်းကျေးရွာ တောင်တွင်းကြီး-မကွေးကား လမ်းမကြီးဘေးရှိ မယ်ချဉ်ပေါင် အုတ်ရှပ်တား ဆည်ကြီး၏ ၀ဲဘက်မြေသားတမံ အလျားပေ ၂၀၊ အနံပေ ၂၀၊ အမြင့်ပေ ၂၀ ခန့်သည် အောက်တိုဘာ ၂၉ ရက် နံနက် ၅ နာရီခန့်က ကျိုးပဲ့ပျက်စီးပြီး ရေစီးနောက် မျောပါသွားကြောင်း သိရသည်။
အဆိုပါ အုတ်ရှပ် တားသည် ကျိုးပဲ့ပျက်စီး သွားခဲ့သဖြင့် ဆုံကုန်းကွင်းမှ သဖန်းကုန်း၊ ကွမ်းခြံစု၊ ညောင်ရွာ ကျေးရွာများမှ ဒေသခံ တောင်သူများ၏ အခက်အခဲများ ကြုံတွေ့ရမည်ကို ဒေသခံ တောင်သူများ၏ မိုးစပါးစိုက်ခင်း ဧက ၃၆၀ တို့ အောင်ရေ အခက်အခဲများ ကြုံတွေ့ရမည်ကို ဒေသခံတောင်သူ အများစုမှာ စိုးရိမ်ပူပန်လျက် ရှိကြောင်း ဆည်ကော်မတီဝင် တစ်ဦး၏ ပြောပြချက်အရ သိရသည်။



No comments:

Post a Comment