Wednesday, October 30, 2013

အငြင်းပွားကျွန်းစုအရေး၊ ဂျပန်က တရုတ်ကို သတိပေး



 တရုတ်နိုင်ငံ အရှေ့တရုတ်ပင်လယ်တွင်းရှိ အငြင်းပွားကျွန်းစုအရေးနှင့်ပတ်သက်၍ ဂျပန်ကာကွယ်ရေးဝန်ကြီးက သတိပေး ပြောကြားလိုက်သည်။ ဂျပန်အခေါ် ဆန်ကာကုနှင့် တရုတ်အခေါ် ဒိုင်အောယုကျွန်းစုအပေါ် နှစ်နိုင်ငံ အငြင်းပွား မှု မြင့်တက်လာစဉ် ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆုနော်ရီ အိုနိုဒေရာက မှတ်ချက်ပြု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မကြာသေးမီ ရက်များအတွင်းက နှစ်နိုင်ငံတို့သည် ၎င်းကိစ္စဖြင့် တင်းမာမှုများ မြင့်တက် လာသည်။ တရုတ်စစ်လေယာဉ် ဂျပန်လေကြောင်း ပိုင်နက်အတွင်း ပျံသန်းခဲ့ပြီးနောက် လွန်ခဲ့သော သီတင်းပတ်တွင် ဂျပန်က ဂျက်တိုက်လေယာဉ် သုံးစင်း စေလွှတ်ခဲ့သည်။  ယင်းတို့ နှစ်နိုင်ငံသည် အဆိုပါ ကျွန်းစုအရေးနှင့် ပတ်သက်ပြီး ဆယ်စုနှစ်များစွာ အပြန်အလှန် စွပ်စွဲနေကြသည်။ ယခုအခါ ယင်းကျွန်းစုကို ဂျပန်က ထိန်းချုပ်ထားသည်။ သို့ရာတွင် တရုတ်ကလည်း ၎င်းတို့ ပိုင်ဆိုင်ကြောင်း ပြောဆိုလျက်ရှိသည်။ ၂၀၁၂ ခုနှစ်က ဂျပန်အစိုးရက ဂျပန်ပုဂ္ဂလိက ပိုင်ဆိုင်သူတစ်ဦးထံမှ  ကျွန်းသုံးကျွန်းကို ဝယ်ယူခဲ့ပြီးနောက်  တရုတ်နှင့် တင်းမာမှု အရှိန်မြင့်တက်ခဲ့သည်။

No comments:

Post a Comment