Thursday, October 31, 2013

ဒီကနေ့ရဲ့ ရာသီဥတု အခင်းအကျင်း

Weather News Update
31-10-2013, 10:40 am
(၃၁-၁၀-၂၀၁၃)ရက် နံနက်(၆)နာရီခွဲအချိန် ဒီကနေ့မြေပြင်မိုးလေ၀သ အခြေအနေ အရ အဓိက ပြောစရာ အချက်(၃) ချက် ရှိနေပါတယ်။
ပထမအချက်ကတော့ မြန်မာနိုင်ငံ မြောက်ဖျားစွန်းကစပြီး မြစ်ဝကျွန်းပေါ်ဒေသတွေအထိ အရှေ့မြောက်လေအေးတွေ တိုးဝင်နေပါပြီ။ ညအပူချိန်တွေ ကျတော့မယ်၊ မိုးအားတွေလျော့တော့မယ်။
ဒုတိယ အချက်ကတော့ ဘင်္ဂလား ပင်လယ်အော်ရဲ့ လေထုမငြိမ်သက်မှု ဧရိယာဟာ ဘင်္ဂလား ပင်လယ်အော် အနောက် တောင်ပိုင်းမှာ သွားစုနေပြီ။ ၂၀၁၃ ခုနှစ်ရဲ့ လက်ကျန် မုန်တိုင်း(၂) လုံးဖြစ်ဖို့တောင် ခပ်ခက်ခက်။
တတိယအချက် ပစိဖိတ် သမုဒ္ဒယာ အနောက်ပိုင်းက အပူပိုင်း မုန်တိုင်းကလည်း အနောက်ဖက်ကိုဘဲ ရွေ့မယ်လို့မှန်းထား ပါတယ်။ “မရောင်းချင်ပါဘူးပြောနေမှ ချိန်ပါချိန်ပါနဲ့ တကဲကဲ။ မြစ်ဆုံတာဆောက်မယ့် CPI ကုမ္ပဏီ ကျနေတာပါဘဲ”။
ဒေါက်တာထွန်းလွင်
(မှတ်ချက်- ဦးထွန်းလွင် ဖေ့ဘွတ်ခ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment