Thursday, October 31, 2013

ပေကျင်းရှိ တိန်အန်မင်ရင်ပြင် တိုက်ခိုက်မှု၌ လူငါးဦးကို တရုတ်အာဏာပိုင်များ ဖမ်းဆီးထား

ပေကျင်း  အောက်တိုဘာ   ၃၀
တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ရဲဝန်ထမ်းများက တိန်အန်မင်ရင်ပြင် ကားတိုက်ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပါဝင် ပတ်သက်သည်ဟု သံသယရှိသူများနောက် လိုက်လံလျက်ရှိရာ လူငါးဦးကို ဖမ်းဆီးထားခဲ့ကြောင်း အောက်တိုဘာ ၃၀ ရက်က ယူရိုနယူးသတင်းတွင် ဖော်ပြသည်။

ပေကျင်းမြို့တော်ရှိ တိန်အန်မင်ရင်ပြင်တွင် အောက်တိုဘာ ၂၈ရက်က ကားတစ်စီး လူအုပ် အတွင်း ဝင်တိုက် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူငါး ဦး သေဆုံးကာ ၃၈ ဦး ဒဏ်ရာရရှိခဲ့သည်မှာ ယင်းအရပ်တွင် ပထမဆုံး အကြိမ် ဖြစ်ရပ်ဖြစ်ကြောင်း၊ အာဏာပိုင်များက အကြမ်းဖက်တိုက်ခိုက်မှု တစ်ရပ်ဖြစ်သည်ဟု အခိုင်အမာ ပြောကြားခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။
ယင်းနေ့က တိန်အန်မင်ရင်ပြင် တိုက်ခိုက်မှုကို လူသုံးဦးက ကားဖြင့် လူအုပ်အတွင်း မောင်းဝင်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။  ၎င်း တို့သုံးဦးနှင့်အတူ  ကမ္ဘာလှည့်ခရီးသွားနှစ်ဦး အခင်းဖြစ်ရပ်တွင် သေဆုံးခဲ့သည်။
တိုက်ခိုက်မှုမှာ ဗဟိုအာရှရှိ ဒေသ၏ တည်ငြိမ်မှုကင်းမဲ့သော ရှင်းကျန်ဒေသမှ မွတ်စလင် ခွဲထွက်ရေးသမားများ၏ သွေးထိုး လုပ်ဆောင်မှုတစ်ရပ် ဖြစ်နိုင်သည်ဟု ဆိုသည်။  လွတ်လပ်သော ပြည်နယ်တစ်ခု ထူထောင်ရေးအတွက်  တိုက်ခိုက် မှု ပြုလုပ်ခြင်း ဖြစ်သည်ဟု တရုတ် အာဏာပိုင်များက စွပ်စွဲထားသည်။
ယခု တိုက်ခိုက်မှုသည် ပထမဆုံးသော အသေခံ တိုက်ခိုက်မှု တစ်ရပ်လည်း ဖြစ်နိုင်ဖွယ်ရှိသည်။ တိန်အန်မင်ရင်ပြင် တိုက်ခိုက်မှု ဖြစ်ပြီးနောက် လုံခြုံရေးကို   ပိုမိုတင်းကျပ် ချထားသည်။               
   ယူရိုနယူး

No comments:

Post a Comment