Thursday, October 31, 2013

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာန၊ ဒုတိယ ဝန်ကြီးနှင့် ခရိုင်အတွင်း ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု ကော်မတီများ တွေ့ဆုံ



စီမံကိန်းနှင့် ရင်းနှင်းမြုပ်နှံမှု ဆပ်ကော်မတီ ဥက္ကဌ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာန၊ ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းနှင့် စစ်ကိုင်းခရိုင် အတွင်း ပြည်သူကို ဗဟိုပြုသော ဖွံ့ဖြိုးတိုးတက် ရေး အထောက် အကူပြု ကော်မတီများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို အောက်တိုဘာ (၃၀)ရက်၊ မွန်းလွဲ (၁၃) နာရီ အချိန်က၊ စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ-ခရိုင်၊
မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင် များ၊ မြို့နယ် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး (မြို့မိ၊ မြို့ဖ) ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာန ဆိုင်ရာများ စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ် များမှ စီမံကိန်း ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အခြား ဖိတ်ကြား ထားသည့် လုပ်ငန်းရှင်များ၊ စုစုပေါင်း အင်အား (၁၅၀)ဦး တက်ရောက် ကြသည်။
ရှေးဦးစွာ ဒုတိယ ဝန်ကြီးက အမှာစကား ပြောကြားကာ မြို့နယ် စီမံကိန်း ဦးစီးဌာန၊ ဦးစီးမှူးများက မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြ ကြပြီး မြို့နယ် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ(မြို့မိ၊ မြို့ဖ) ဥက္ကဌက လည်းကောင်း၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီ ဥက္ကဌက လည်းကောင်း၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင် မြို့နယ်များမှ ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု ကော်မတီ ဥက္ကဌများက လည်းကောင်း မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်း တင်ပြကြရာ တင်ပြချက်များ အပေါ် ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိ  သူများက ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment