Wednesday, October 30, 2013

လာလာချေပြီ - မပြီးသေးသော ပန်းချီကား


Weather News Update
30-10-2013, 00:33 am

(၁) (၂၉-၁၀-၂၀၁၃) ညသန်းကောင်ယံ အချိန်တွင် မြန်မာနိုင်ငံ အထက် လေထုလွှာ အတွင်းတွင် ရေငွေ့များပါဝင်နေပြီး အရှေ့ဖက်ရှိ ဗီယက်နမ်နိုင်ငံ အထက်လေထု ပေ(၂၀၀၀) အမြင့်တွင် အရှေ့လေပွေလှိုင်းတစ်ခုကလည်း အနောက်ဖက် ကို ရွေ့လာနေပါတယ်။
(၂) လာလာချေပြီ - မပြီးသေးသော ပန်းချီကား
ပစိဖိတ် သမုဒ္ဒယာ အနောက်ပိုင်းတွင် ၂၀၁၃ ခုနှစ်အတွက် (၂၉)လုံးမြောက် အပူပိုင်းမုန်တိုင်း တစ်လုံးဖြစ်နေပြီး ဗီယက်နမ် မြောက်ပိုင်း ကမ်းခြေကို ဦးတည်ရွေ့ လာနေပါတယ်။ (၃-၁၁-၂၀၁၃) ရက် ညနေပိုင်းမှာ ကမ်းခြေကို ဖြတ်သန်း လိမ့်မယ် လို့ခန့်မှန်းရပါတယ်။
Tropical Depression 29W
2912000 UTC
 Position: 15.6°N, 131.8°E
Movement: 270°, 14 knots
Wind: 30 knots
Gust: 40 knots
Wave height; 14 feet
မိုးလွန် ရာသီဆိုတာ မုန်တို်င်းရာသီပါ။ ပစိဖိတ်မှာဖြစ်တဲ့ မုန်တိုင်းအရေအတွက်ဟာ ၂၀၁၃ ခုနှစ်ထဲမှာ (၂၉)လုံး ရှိနေပါပြီ။ ခန်မှန်းတဲ့ အတိုင်းသာ လာခဲ့ရင် တောင်သူကြီးများ အတွက် ဒုက္ခပေးမယ့် အခါလွန် ဖျက်မိုးတွေ ပါလာနှိုင်ပါတယ်။
တကယ့်ကို မပြီးသေးတဲ့ ပန်းချီကားပါဘဲ။
ဒေါက်တာထွန်းလွင်
(မှတ်ချက်- ဦးထွန်းလွင် ဖေ့ဘွတ်ခ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment