Thursday, October 31, 2013

ပါလက်စတိုင်းအကျဉ်းသား ၂၆ ဦး အစ္စရေးတို့ ပြန်လွှတ်ပေး

ရာမာလာ့ခ်ျ၊ အောက်တိုဘာ  ၃၀
အစ္စရေးနိုင်ငံမှ ပြန်လွှတ်ပေး လိုက်သော ပါလက်စတိုင်း အကျဉ်းသားများအနက် ၂၁ ဦးသည် အနောက်ဘက်ကမ်း ဒေသ သို့   အောက်တိုဘာ ၃၀ ရက် အစောပိုင်းတွင် ပြန်ရောက်ရှိခဲ့ပြီး ကျန်ငါးဦးမှာ ဂါဇာကမ်းမြောင် ဒေသသို့   ဝင်ရောက် သွားခဲ့ ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ပါလက်စတိုင်း အာဏာပိုင်အဖွဲ့၊ (PNA) နှင့် သဘောတူညီချက်အရ အစ္စရေးတို့က အကျဉ်းသား ၂၆ ဦးကို   အောက်တိုဘာ ၂၉ ရက် နှောင်းပိုင်းက ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်း သဘောတူညီချက် အရ   နှစ်နိုင်ငံအကြား ၁၉၉၃    အော်စလို ငြိမ်းချမ်းရေး သဘောတူညီချက် မရရှိခင်ကတည်းက ကာလရှည် ဖမ်းဆီးထားသော    ပါလက်စတိုင်း အကျဉ်းသား ၁၀၄ ဦး ကို ပြန်လွှတ်ပေးမည် ဖြစ်သည်။
အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံသည် အမေရိကန် ကမကထပြုမှုဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်စရန် ဇူလိုင်လ အတွင်းက သဘောတူညီမှု ရခဲ့ကြသည်။ ဩဂုတ်လအတွင်းက  ပါလက်စတိုင်း အကျဉ်းသား ၁၀၄ ဦးမှ ပထမ အသုတ်ကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်သည်။ ကျန်ပြန်လွှတ်ပေးရမည့် အကျဉ်းသား အုပ်စုနှစ်စုကို  ဇန်နဝါရီလနှင့် မတ်လတို့အတွင်း ပြန်လွှတ် ပေးရန် ရှိသည်။
ယခုအကျဉ်းသား ၂၆ ဦး ပြန်လွှတ်ပေးရေးကို အောက်တိုဘာ ၂၇ ရက်က အစ္စရေးဝန်ကြီးအဖွဲ့က သဘောတူ ဆုံးဖြတ်ခဲ့ ခြင်း ဖြစ်သည်။ လွတ်မြောက် အကျဉ်းသားများတွင် အစ္စရေးများစွာကို သတ်ဖြတ်ခဲ့သူ ထောင်သက် ၂၈  နှစ်ကြာ  ကျခံ နေရသူများ  ပါဝင်သည်ဟု သိရသည်။                   
  ဆင်ဟွာ

No comments:

Post a Comment