ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၃၃/၂၀၁၃)
၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်)
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ
၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဋ္ဌာန်း ချက်များအရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား
ယှဉ်တွဲပါ ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးတွင် ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်-
၁ ဦးတင်ဦးလွင် နိုင်ငံခြားရေးဝန်ကြီးဌာန
၂ ဒေါက်တာအောင်မြတ်ဦး မွေးမြူရေး၊
ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန
၃ ဒေါ်လဲ့လဲ့သိန်း အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
No comments:
Post a Comment