Monday, August 12, 2013

သတင်းထုတ်ပြန်ချက်



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
ပြန်ကြားရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်( ၁/၂၀၁၃)
၂၀၁၃ ခုနှစ် ဩဂုတ်လ (၁၂)ရက်
၁၃၇၅ ခုနှစ် ဝါခေါင်လဆန်း (၆)ရက်
ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)အကြား တွေ့ဆုံမှု အခြေအနေ သတင်းထုတ်ပြန်ချက်
၁။ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စ ဝန်ကြီး ဦးအောင်ကြည်နှင့် ဥက္ကဋ္ဌ ဦးခင်မောင်အေး ခေါင်းဆောင်သည့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) တို့သည် ၂၀၁၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ၏ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
၂။ထိုသို့ တွေ့ဆုံ ဆွေးနွေးရာတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် မြန်မာ့မီဒီယာ ပတ်ဝန်းကျင်ကို လူမှုတာဝန်သိမှု မီဒီယာပုံစံအဖြစ် တည်ဆောက်ရန် မျှော်မှန်းထားချက်အား  ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အနေဖြင့် ဆက်လက် ဆွေးနွေးရန် သဘောတူသည်။
၃။ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) တို့အကြား သဘောထား ကွဲလွဲ မှုများနှင့် အခြားဆွေးနွေးရန် ရှိသည်များကို စေ့စပ်ညှိနှိုင်း ဆွေးနွေးသောနည်းဖြင့် ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။

No comments:

Post a Comment