ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည်
လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်
စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့်
နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်
အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်း ပုံ
အခြေခံဥပဒေ ပုဒ်မ ၂၀၄(က)နှင့် အညီ အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားအကျဉ်းသား (၇၃)ဦးတို့အား
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော်
(၁)ရက်နေ့ (ခရစ်နှစ် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၃ရက်နေ့) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်
ပြုခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment