Saturday, July 20, 2013

အရေးပေါ်အခြေအနေကြေညာခြင်းအား ရုပ်သိမ်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ်(၂ /၂၀၁၃)
၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)
အရေးပေါ် အခြေအနေကြေညာခြင်းအား ရုပ်သိမ်းခြင်း

၁။မန္တလေးတိုင်း ဒေသကြီး မိတ္တီလာ ခရိုင်အတွင်းရှိ မိတ္တီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ ဝမ်းတွင်း မြို့နယ်နှင့် သာစည် မြို့နယ်များတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် ပဋိပက္ခများ ဖြစ်ပေါ် မှုအား ဥပဒေကဲ့သို့ အာဏာ တည်သော အရေးပေါ် အခြေအနေ ကြေညာသည့်အမိန့် အမှတ် (၁/၂၀၁၃)ကို (၂၂-၃-၂၀၁၃) ရက်တွင် ထုတ်ပြန် ကြေညာ၍ ထိန်းသိမ်းခဲ့ပါသည်။
၂။(၂၀-၅-၂၀၁၃)ရက်တွင် အမိန့်ထုတ်ပြန်သည့် ရက်(၆၀)ပြည့်သော်လည်း တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန် လိုအပ်သဖြင့် အဆိုပါ အမိန့်ထုတ်ပြန်မှုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ အတည်ပြုချက် ရယူရန်နှင့် သက်တမ်း တိုးမြှင့်ပေးရန် တို့အတွက် (၂၁-၅-၂၀၁၃)ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အထူး အစည်းအဝေးသို့ တင်ပြခဲ့ရာ ကနဦး ထုတ်ပြန် ခဲ့သည့် အမိန့်ကို အတည်ပြုပြီး  အထူးအစည်းအဝေး ပြုလုပ်သည့်ရက်မှ စ၍ ရက်ပေါင်း(၆၀) အထိ ဆက်လက်အာဏာတည်စေရန် အတည်ပြုခဲ့ပါသည်။ ထိုသို့ ဆက်လက် အာဏာ တည်သည့် ရက်သည် (၁၉-၇-၂၀၁၃) ရက်တွင် ရက်(၆၀) ပြည့်ပြီးဖြစ်ပါသည်။
၃။မိတ္ထီလာ ခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်နှင့် သာစည်မြို့နယ် များတွင် တည်ငြိမ်အေးချမ်းမှု ရရှိပြီးဖြစ်သောကြောင့် ထုတ်ပြန်ထားသော အရေးပေါ် အခြေအနေ ကြေညာ သည့် အမိန့်အား ယနေ့မှစ၍ ရုပ်သိမ်းလိုက်သည်။


                    (ပုံ)သိန်းစိန်
              နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

No comments:

Post a Comment