Thursday, July 25, 2013

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင် ဝင်ခွင့်လျှောက်ထားရန် ကြေညာချက်

၂၀၁၃ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန် အတွက် မိမိတို့ စာမေးပွဲ ဖြေဆိုခဲ့ကြသော စာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်းကျောင်း အုပ်ကြီးများ) ထံတွင် အမှတ် စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံများကို ဩဂုတ်လ ၁ ရက် (ကြာသပတေးနေ့) မှစ၍ ကိုယ်တိုင် ထုတ်ယူကြရန် ဖြစ် ပါသည်။

အဆိုပါ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ဩဂုတ်လ ၅ ရက်မှ ဩဂုတ်လ ၂၅ ရက်အထိ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) အဆင့်မြင့် ပညာ ဦးစီးဌာန(အောက်မြန်မာပြည်) တွင် လျှောက်ထားနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) သထုံလမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့ ဖုန်း-၅၃၇၆၇၇ နှင့် ၅၂၅၆၁၂ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment