ကျေးလက်ပြည်သူတို့၏ လူမှုစီးပွားရေးနှင့်
သဘာဝပတ်ဝန်းကျင် အခြေအနေများ တိုးတက် ကောင်းမွန်စေရေး အတွက် သစ်တောနယ်မြေများအတွင်း
နှစ်ကာလ အတန်ကြာ အခြေချ နေထိုင်လျက်ရှိသော အိမ်ခြေ ၅၀ အောက် အိမ်စု၊ ရွာစုများအား ကျေးရွာသစ်များအဖြစ်
သစ်တောမြေမှ ပယ်ဖျက်ကာ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး အစီအမံများနှင့်အညီ ဆက်လက်စုစည်း
နေရာချထားပေးမည်
မြို့ပြကျေးလက် ဖွံ့ဖြိုး တိုးတက်ရေးများ
ဆောင်ရွက်ရာ၌ ပြည်သူလူထုတို့၏ စားဝတ်နေရေး၊ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက် စေရန်အတွက်
ထိရောက် အောင်မြင်စွာ ဆောင်ရွက် အကောင်အထည်ဖော်ရန် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်နှင့်
အညီ မြေယာခွဲဝေ အသုံးချမှု စိစစ်ဆောင်ရွက်ရေး ကော်မတီသည် ဆက်စပ် ဝန်ကြီးဌာန အဖွဲ့အစည်းများနှင့်
တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် ဥပဒေအရ ဖွဲ့စည်း တည်ထောင်ထားသော
သစ်တောကြိုးဝိုင်းနှင့် ကြိုးဝိုင်း ကာကွယ်တောများအတွင်း နှစ်ကာလ အတိုင်းအတာ တစ်ခုအထိ
ခွင့်ပြုချက် မရှိဘဲ အခြေချ နေထိုင်သည့် ရွာစုနှင့် အိမ်ထောင်စုများအား မြေပြင်တွင်
စနစ်တကျ စာရင်းကောက်ယူပြုစုခဲ့ပြီး အိမ်ခြေ ၅၀ နှင့်အထက် ကျေးရွာများအား ပြည်ထောင်စု
အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တရားဝင် နေထိုင် လုပ်ကိုင်ခွင့် ပြုမည် ဖြစ်ကြောင်း
သတင်း ထုတ်ပြန် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ဆက်လက်၍ ကျေးလက်ပြည်သူတို့၏ လူမှုစီးပွားရေး၊
သဘာဝပတ်ဝန်းကျင် အခြေအနေများ တိုးတက် ကောင်း မွန်စေရေး အတွက် သစ်တော နယ်မြေများအတွင်း
နှစ်ကာလ အတော်ကြာ တရားမဝင် အခြေချ နေထိုင်လျက်ရှိသော အိမ်ခြေ ၅၀ အောက် အိမ်စု၊ ရွာစုများအား
ကျေးရွာသစ်များအဖြစ် သစ်တောမြေမှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စွန့်လွှတ် ပယ်ဖျက်က
စုစည်းနေရာ ချထားပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေး၊
သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး အခြေခံ လိုအပ်ချက်များ၊ လယ်ယာစိုက်ပျိုးရေး၊
ကျေးလက်ပြည်သူများ၏ အခြေခံ လိုအပ်ချက်များကို သဘာဝ သစ်တော သယံဇာတများ မှ ရေရှည် ဖြည့်ဆည်းပေးနိုင်ရေး
စသည့် ရည်ရွယ်ချက် များဖြင့် ကျေးရွာ ဖွံဖြိုးတိုးတက်မှု အစီအမံများနှင့် အညီ အကောင်အထည်
ဖော်သွားမည် ဖြစ်ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန
No comments:
Post a Comment