နေပြည်တော်နယ်မြေအတွင်း စက်သုံးဆီရောင်းချခွင့်ကို
ကုမ္ပဏီကြီးများကိုသာ ဖွင့်လှစ် ရောင်းချခွင့် ပြုထားပြီး ဒေသတွင်း သာမန်ပြည်သူ လုပ်ငန်းရှင်များကိုလည်း
စက်သုံးဆီများကို တရားဝင် ရောင်းချ ခွင့်ပြုပေးပါရန်နှင့် တရားဝင် စက်သုံးဆီဆိုင်များ
အဖြစ် ရောင်းချခွင့်ကို လျှောက်ထား ခွင့်ပြုမည် ဆိုပါက လိုအပ်သော အချက်အလက်များကို
တရားဝင် ကြေညာပေးပါရန် တင်ပြချက်အပေါ် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုအခြေအနေများ
၁။အကြံပြုတင်ပြခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်၏
စီးပွားရေးတွင် ပုဂ္ဂလိက ပါဝင်မှုကို အားပေးမြှင့်တင်ရန်နှင့် ပုဂ္ဂလိကစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို
ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုရန် ပုဂ္ဂလိကပိုင်
ပြုလုပ်ရေး ကော်မရှင်သည် နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် (၂၆၁)ဆိုင်ကို ပုဂ္ဂလိကလုပ်ငန်းရှင်
ကုမ္ပဏီအဖွဲ့အစည်း (၃၆)ခုသို့ အပြီးအပိုင် လွှဲပြောင်းရောင်းချခဲ့ပြီး အဆိုပါ ပုဂ္ဂလိက
စက်သုံးဆီအရောင်းဆိုင်များကို ၂၀၁၀ခုနှစ်၊ ဇွန်လ ၁၀ရက်နေ့မှ စတင်၍ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ပါသည်။
၂။ပြည်သူလူထုအနေဖြင့် စက်သုံးဆီများကို
တစ်ပြည်လုံး နေရာအနှံအပြားတွင် အဆင်ပြေလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်
မရှိသေးသည့် မြို့/မြို့သစ်များ ၊ လမ်းဆုံလမ်းခွနှင့် လမ်းမကြီးများ၊ Toll Gate နေရာများ
စသည်တို့တွင် စက်သုံးဆီ အရောင်းဆိုင်များ အသစ်ထပ်မံ တည်ဆောက်ဖွင့်လှစ်ပေးရန် လိုအပ်သဖြင့်
လည်းကောင်း၊ တရားမဝင် စက်သုံးဆီ သယ်ယူပို့ဆောင် သိုလှောင်ရောင်းချမှုများနှင့် တရားမဝင်
လမ်းဘေးစက်သုံးဆီ ဆိုင်များ လျော့နည်းပပျောက်စေရန် အတွက်လည်းကောင်း၊ စက်သုံးဆီအရောင်းဆိုင်အသစ်၊
စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရေး စခန်းအသစ် တည်ဆောက်၍ လုပ်ငန်းလုပ်ကိုင်လိုသူများနှင့်
လက်ရှိစက်သုံးဆီရောင်းချခြင်းကို ဒေသန္တရခွင့်ပြုချက်ဖြင့် လုပ်ကိုင်လိုသူများ အနေဖြင့်
သက်ဆိုင်ရာပြည်နယ်/တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်၊
မြေပိုင်ဆိုင်မှု အထောက်အထားနှင့် စက်သုံးဆီရရှိနိုင်မည့် ကုမ္ပဏီအဖွဲ့အစည်း၏ ထောက်ခံချက်/စာချုပ်စာတမ်းများစသည့်
အချက်(၃)ချက် ပြည့်စုံစွာဖြင့် ယခင်က ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်ရုံးသို့ လိပ်မူ၍လည်းကောင်း၊
ယခုအခါ စွမ်းအင် ဝန်ကြီးဌာနသို့ လိပ်မူ၍လညျးကောင်း အဆိုပြုတင်ပြ လျှောက်ထားခွင့်ပြုချက်
ရယူဆောင်ရွက်ရန် (၈.၃.၂၀၁၀)ရက်နေ့၊ (၂၀-၁၀.၂၀၁၀)ရက်နေ့နှင့် (၂၁.၁၀.၂၀၁၁)ရက်နေ့ထုတ်
သတင်းစာများ၌ ကြော်ငြာထည့်သွင်း ကြေညာခဲ့ပြီး အဆိုပါ ကြော်ငြာများတွင် ဆက်သွယ်စုံစမ်း
မေးမြန်းနိုင်သည့် လိပ်စာနှင့် တယ်လီဖုန်း နံပါတ်ကို ထည့်သွင်းဖော်ပြကြေညာခဲ့ပါသည်။
၃။ပုဂ္ဂလိကကဏ္ဍ၏ ရေနံနှင့် ရေနံထွက်ပစ္စည်းများ
ပြည်ပမှတင်သွင်းခြင်း ပြည်တွင်းတွင် သိုလှောင်သယ်ယူ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများကို
စနစ်တကျ ထိန်းသိမ်းကြီးကြပ် ကွပ်ကဲနိုင်ရန်အတွက် ဖွဲ့စည်းခဲ့သည့် စွမ်းအင်ဝန်ကြီးဌာန
ရေနံထွက် ပစ္စည်းများ တင်သွင်း သိုလှောင် သယ်ယူဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ
ထိန်းသိမ်းကြီးကြပ်ကွပ်ကဲရေး ကော်မတီသို့ အထက်ဖော်ပြပါ အဆိုပြု လျှောက်လွှာများကို တင်ပြစိစစ်ပြီးနောက်
ယင်းကော်မတီမှ စွမ်းအင်ဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီသို့ ဆက်လက်တင်ပြ၍ ခွင့်ပြုချက်
ရရှိပါက မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းနှင့် သတ္တုတွင်းဦးစီးဌာန တို့မှ
ပညာရှင် အရာထမ်းများ ပါဝင်သော စစ်ဆေးရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး စေပါသည်။
၎။စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင် ဖွင့်လှစ်ရောင်းချရန်အတွက်
ပထမဦးစွာ သတ္တုတွင်း ဦးစီးဌာန၏ စက်သုံးဆီ သိုလှောင်ခွင့်လိုင်စင် ရရှိရန်လိုအပ်ပြီး
၎င်းလိုင်စင် ရရှိပြီးမှသာလျှင် စွမ်းအင်ဝ န်ကြီးဌာန၏ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်
လိုင်စင်ကို ရရှိမည်ဖြစ်ပါသည်။ သတ္တုတွင်း ဦးစီးဌာနသို့ စက်သုံးဆီ သိုလှောင်ခွင့်လိုင်စင်
တင်ပြလျှောက်ထားရာတွင် တည်ဆောက်မည့် စက်သုံးဆီ သိုလှောင်ကန်၏ အသေးစိတ် ဒီဇိုင်းပုံစံ၊
စက်သုံးဆီ အရောင်းဆိုင် အကွက်ချပုံစံတို့နှင့်အတူ
သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ မြေစာရင်းဦးစီးဌာန၊ စည်ပင်သာယာရေး
ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနစသည့် ဌာန (၄) ခု တို့၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ၊
သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်
စသည်တို့ကို ပူးတွဲတင်ပြ လျှောက်ထားရပါမည်။ သတ္တုတွင်းဦးစီးဌာန အနေဖြင့် စက်သုံးဆီ သိုလှောင်ကန်
တည်ဆောက် သိုလှောင်ပုံ အမျိုးအစားအပေါ်မူတည်၍ မြေအောက်သိုလှောင်ကန်များအတွက် K လိုင်စင်၊
မြေပေါ်သိုလှောင်ကန် များအတွက် L လိုင်စင်နှင့် မြေပေါ်သိုလှောင်ရုံများ အတွက် M လိုင်စင်စသည့်
ဓာတ်ဆီနှင့် ဒီဇယ်ဆီနှစ်မျိုးစလုံး သိုလှောင်ခွင့်ရှိသည့် စက်သုံးဆီ သိုလှောင်ခွင့်
လိုင်စင်အမျိုးအစား (၃) မျိုးကို စိစစ်ထုတ်ပေးပါသည်။
၅။စစ်ဆေးရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်အရ
စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်၏ အခြေခံလိုအပ်ချက်များနှင့် ပြည့်စုံကိုက်ညီမှုရှိပြီး
သတ္တုတွင်းဦးစီးဌာန၏ စက်သုံးဆီ သိုလှောင်ခွင့် လိုင်စင်ကို ရရှိပြီးဖြစ်သဖြင့် ဖွင့်လှစ်ခွင့်ပြုသင့်ကြောင်း
ထောက်ခံ တင်ပြလာပါက ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူး ရောင်းချခြင်း
လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ စွမ်းအင်ဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီသို့
စိစစ်ထောက်ခံတင်ပြပေးပါသည်။ ဖွင့်လှစ်ခွင့်ပြုရန် မသင့်သေးပါက ဆောင်ရွက်ရန် လိုအပ်သည့်
အကြံပြုချက်များကို သက်ဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီအဖွဲ့အစည်းများသို့ အကြံပြု၍
လိုက်နာဆောင်ရွက်စေ ပါသည်။ ဖွင့်လှစ်ခွင့်ပြုသင့်ကြောင်း ထောက်ခံတင်ပြသည့် အရောင်းဆိုင်များကို
စွမ်းအင်ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီမှ စိစစ်ပြီးစက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့်
လိုင်စင် ထုတ်ပေးပါသည်။ သို့ရာတွင် ထိုကဲ့သို့ စက်သုံးဆီအရောင်းဆိုင်အသစ် ဖွင့်လှစ်ရောင်းချမည့်
အပေါ် တိုင်ကြားတင်ပြ ကန့်ကွက်ထားခြင်းခံရသည့် စက်သုံးဆီ အရောင်းဆိုင်အသစ် ဆိုပါကသက်ဆိုင်ရာ
ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ ထံသို့ ထပ်မံ၍ သဘောထားမှတ်ချက် တောင်းခံပြီးကန့်ကွက်ရန်
မရှိကြောင်းသဘောထား ပြန်ကြားချက် ရရှိမှသာလျှင် စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ကိုထုတ်ပေးပါသည်။
၆။(၁၉-၆-၂၀၁၃) ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းတွင်
ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် အဟောင်းနှင့် အသစ်စုစုပေါင်း (၉၀၇) ဆိုင်နှင့် သိုလှောင်စခန်းအသစ်
(၃) ခုတို့အား သတ်မှတ်ချက်များနှင့်အညီ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ကို
ထုတ်ပေး၍ စနစ်တကျ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ခွင့်ပြုခဲ့ရာတွင် နေပြည်တော် ကောင်စီနယ်မြေ
အတွင်း၌ အောက်ပါ အတိုင်း ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် အဟောင်း (၄) ဆိုင်နှင့် အရောင်းဆိုင်
အသစ် (၄) ဆိုင်၊ စုစုပေါင်း (၈) ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီးဇမ္ဗူသီရိ မြို့နယ်အတွင်း၌
မြဝတီထရေးဒင်း လီမိတက်၏ စက်သုံးဆီ အရောင်းဆိုင်နှင့် Max Energy Co.,Ltd ၏ စက်သုံးဆီအရောင်းဆိုင်၊
ဇေယျာသီရိမြို့နယ် အတွင်းရှိဦးခင်မောင်ဝင်း၏ စက်သုံးဆီအရောင်းဆိုင်၊ စုစုပေါင်းစက်သုံးဆီအရောင်းဆိုင်
(၃) ဆိုင်သည် သတ္တုတွင်းဦးစီးဌာန၏ သိုလှောင်ခွင့်လိုင်စင်နှင့် စွမ်းအင်ဝန်ကြီးဌာန၏
စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် ရရှိရေးဆောင်ရွက်နေဆဲ ဖြစ်ပါသည်-
စဉ် ပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီအဖွဲ့အစည်း အရောင်းဆိုင်တည်နေရာ
၁ New
Day Energy ဆိုင်ဟောင်း ပျဉ်းမနား
၂ ပါဝါနိုင်း ။ ပျဉ်းမနား
၃ ဧဒင်အုပ်စုကုမ္ပဏီလီမိတက် ။ တပ်ကုန်း
၎ ဧဒင်အုပ်စုကုမ္ပဏီလီမိတက် ။ လယ်ဝေး
၅ မြဝတီထရေးဒင်းလီမိတက် ဆိုင်သစ် စစ်ရုံးဝင်းအတွင်း၊ နေပြည်တော်
၆ ဧရာရွှေဝါကုမ္ပဏီလီမိတက် ။ ပုပ္ဗသီရိမြို့နယ်၊ နေပြည်တော်
၇ ဦးအောင်ခင်
(ရွှေဗျိုင်းဖြူ) ။ ပျဉ်းမနား
၈ ဦးဝင်းနိုင်
(ခ) ဝင်းမောင် (နီလာရိုးမ) ။ တပ်ကုန်း
၇။သို့ဖြစ်ပါ၍ နေပြည်တော် ကောင်စီနယ်မြေ
အပါအဝင် နိုင်ငံတစ်ဝှမ်းတွင် စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်း ချလိုသည့် မည်သည့်ပုဂ္ဂလိကလုပ်ငန်းရှင်
ကုမ္ပဏီအဖွဲ့အစည်းမဆို အထက်ပါရှင်းလင်း ဖော်ပြထားသည့်အတိုင်း အထောက်အထား စာရွက်စာတမ်း
ပြည့်စုံစွာဖြင့် စွမ်းအင်ဝန်ကြီးဌာနသို့ အဆိုပြုလျှောက်ထားပြီး သတ်မှတ်ချက်များနှင့်
အညီ စက်သုံးဆီ အရောင်းဆိုင် တည်ဆောက်ကာ စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ရယူ၍
စက်သုံးဆီ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မည်
ဖြစ်ပါသည်။
၈။သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အရေးယူ ဆောင်ရွက်မှုအပေါ်
မကျေလည်မှုများ၊ မေးမြန်းစုံစမ်း လိုသည်များ ရှိခဲ့ပါက ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ
စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ ထပ်မံပေးပို့ အကြောင်းကြားနိုင် ပါကြောင်း ကြေညာ အပ်ပါသည်။
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများစွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့
No comments:
Post a Comment