ပြည်သူ့ လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက လွှတ်တော်သို့ တင်သွင်းထားရှိသော “တောင်သူလယ်သမားများ၏
အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ ကြမ်း”ကို ပြည်သူ့ လွှတ်တော်တွင် ဆက်လက် ဆွေးနွေး
ဆောင်ရွက်လျက်ရှိရာ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးလိုပါက ၁၃-၇-၂၀၁၃
ရက်နေ့မှ ၁၈-၇-၂၀၁၃ ရက်နေ့အထိ နေ့စဉ် ၁၃:၀၀ နာရီမှ
၁၈:၀၀ နာရီ အတွင်း နေပြည်တော်၊ လွှတ်တော်ဝင်း အတွင်းရှိ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ရေးရာဆောင်
အမှတ်(အိုင်-၁၀)၊ ဖုန်းအမှတ်၀၆၇-၅၉၁၅၁၂ သို့ လူကိုယ်တိုင် လာရောက် အကြံပြု ဆွေးနွေးနိုင်ပါကြောင်း
အသိပေး ကြေညာအပ်ပါသည်။
ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီ
No comments:
Post a Comment