ရန်ကုန် စက်တင်ဘာ ၁
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရွှေပြား အလှူရှင် ၃၆ ဦးက ရွှေသင်္ကန်းတော် ခြောက်ကျပ်သားရွှေပြားတစ်ချပ်နှင့် တစ်ကျပ်သားရွှေပြား ၅၅ ချပ် စုစုပေါင်းရွှေစင်ရွှေပြား ၅၆ ချပ်နှင့် ငွေသားအလှူရှင် ၁၇၇ ဦးတို့က အလှူငွေ ၂၃၃၀၀၇၅၇၈၈ ကျပ် တို့ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။



