Saturday, November 7, 2026

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Brady အား လက်ခံတွေ့ဆုံ

 

နေပြည်တော် နိုဝင်ဘာ ၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင်သည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Justin Brady အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း UNOCHA ၏ လုပ်ငန်းဆောင်ရွက်နေမှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် UNOCHA အဖွဲ့တို့အကြား လက်မှတ်ရေးထိုးထားရှိသည့် သဘောတူညီမှု စာလွှာ (Letter of Agreement - LoA) ပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် LoA သက်တမ်းတိုးမြှင့်ရေး ဆောင်ရွက်နေမှု၊ လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် UNOCHA တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ UNOCHA အနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီရန်ပုံငွေရရှိရေး ရင်းမြစ်စုဆောင်းခြင်းနှင့် ရန်ပုံငွေခွင့်ပြုချက်ရရှိမှု အခြေအနေ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ မိုင်းလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများနှင့် UNOCHA ရုံးမှ ကိုယ်စားလှယ်တစ်ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်


No comments:

Post a Comment