ကျိုက်လတ် နိုဝင်ဘာ ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းနှင့်အဖွဲ့သည် နိုဝင်ဘာ(၂၇)ရက်၊ မွန်းလွဲပိုင်း (၅) နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လှည်းဆိပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၉၉B) ၊ တဘိုးကုန်းကွင်း၊ ဦးပိုင်အမှတ်(၂၉/၂)၊ တောင်သူဦးအောင်မြင့်ဦး၏ လယ်မြေ(၂၈.၀၀)ဧက၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ နွေစပါးစိုက်ပျိုးရာသီတွင် ကြဲခင်းစနစ်ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မျိုးစေ့ချစိုက်ပျိုးသရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း၊
တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးကျော်မျိုးတင်နှင့်
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဇော်တို့နှင့်အတူ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊
ခရိုင်/ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊
ကျိုက်လတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များလိုက်ပါလျက် ဒေသခံတောင်သူများနှင့်
ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ အထွက်ကောင်းသည့်
မျိုးကောင်းမျိုးသန့်များ သုံးစွဲစိုက်ပျိုးရေး၊ ကြဲခင်းစနစ်မှတိုက်ရိုက်မျိုးစေ့ချသည့်စနစ်
ထိုမှတစ်ဆင့် ကောက်စိုက်စက်စနစ်ဖြင့် စိုက်ပျိုးရန်လမ်းညွှန်မှာကြားခဲ့ပြီး တောင်သူများမှ
နွေစပါးစိုက်ပျိုးရာတွင် ရေတင်ဆီနှင့်ထွန်ယက်ဆီ အခက်အခဲဖြစ်ပေါ်နေမှုအားတင်ပြခဲ့ရာ
တောင်သူများ၏ စက်သုံးဆီလိုအပ်ချက်အား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
လှိုင်မင်းအောင်
No comments:
Post a Comment