နေပြည်တော် အောက်တိုဘာ ၃၁
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲကို ယနေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အလေးမလေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက် အမြန်မပြိုင်ပွဲနှင့် နှစ်ဆင့်မ ပြိုင်ပွဲများယှဉ်ပြိုင်ကြရာ အမျိုးသမီး (၅၇) ကီလိုတန်းပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းမှ သက်မွန်မြင့်က အမြန်မစံချိန် ၆၅ ကီလို၊ နှစ်ဆင့်မစံချိန် ၉၈ ကီလိုနှင့် စုစုပေါင်းစံချိန် ၁၆၃ ကီလိုဖြင့် ပထမ၊ ရှမ်းပြည်နယ်အသင်းမှ စိုးရတနာထွန်းက အမြန်မစံချိန် ၆၆ ကီလို၊ နှစ်ဆင့်မစံချိန် ၇၅ ကီလိုနှင့် စုစုပေါင်းစံချိန် ၁၄၁ ကီလိုဖြင့် ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ပိုးအိထွေးက အမြန်မစံချိန် ၅၉ ကီလို၊ နှစ်ဆင့်မစံချိန် ၇၂ ကီလိုနှင့် စုစုပေါင်းစံချိန် ၁၃၁ ကီလိုဖြင့် တတိယရရှိခဲ့သည်။
ထို့အတူ အမျိုးသား (၆၅) ကီလိုတန်းပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းမှ ထက်အာကာဖြိုးက အမြန်မစံချိန် ၁၀၈ ကီလို၊ နှစ်ဆင့်မစံချိန် ၁၃၀ ကီလိုနှင့် စုစုပေါင်းစံချိန် ၂၃၈ ကီလိုဖြင့် ပထမ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ထူးခန့်မော်က အမြန်မစံချိန် ၉၅ ကီလို၊ နှစ်ဆင့်မစံချိန် ၁၁၆ ကီလိုနှင့် စုစုပေါင်းစံချိန် ၂၁၁ ကီလိုဖြင့် ဒုတိယ၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းမှ ဆားစွမ်းက အမြန်မစံချိန် ၉၈ ကီလို၊ နှစ်ဆင့်မစံချိန် ၁၁၂ ကီလိုနှင့် စုစုပေါင်းစံချိန် ၂၁၀ ကီလိုဖြင့် တတိယရရှိခဲ့သည်။
ယနေ့ပြိုင်ပွဲ၏ အမျိုးသမီး (၅၇) ကီလိုတန်း ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းမှ သက်မွန်မြင့်သည် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ သတ်မှတ်ထားသည့် ပြည်နယ်နှင့်တိုင်း ဒေသကြီး နှစ်ဆင့်မပြိုင်ပွဲ၏ စံချိန် ၉၂ ကီလိုထက်ကျော်လွန်၍ ၉၈ ကီလိုဖြင့်လည်းကောင်း၊ အမြန်မနှင့်နှစ်ဆင့်မ စုစုပေါင်းပြိုင်ပွဲတွင် စံချိန် ၁၆၂ ကီလိုထက်ကျော်လွန်၍ ၁၆၃ ကီလို ဖြင့်လည်းကောင်း၊ အမျိုးသား (၆၅) ကီလိုတန်းပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းမှ ထက်အာကာဖြိုးသည် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ သတ်မှတ်ထားသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အမြန်မစံချိန် ၁၀၃ ကီလိုထက်ကျော်လွန်၍ ၁၀၈ ကီလိုဖြင့် လည်းကောင်း၊ နှစ်ဆင့်မပြိုင်ပွဲ၏ စံချိန် ၁၂၉ ကီလိုထက်ကျော်လွန်၍ ၁၃၀ ကီလိုဖြင့် လည်းကောင်း၊ အမြန်မနှင့်နှစ်ဆင့်မ စုစုပေါင်းပြိုင်ပွဲတွင် စံချိန် ၂၃၀ ကီလိုထက်ကျော်လွန်၍ ၂၃၈ ကီလိုဖြင့်လည်းကောင်း ပြည်နယ်နှင့်တိုင်းဒေသကြီး၏ စံချိန်သစ်များ တင်နိုင်ခဲ့သည်။
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အလေးမပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) ကီလိုတန်းအလိုက် အမြန်မပြိုင်ပွဲနှင့် နှစ်ဆင့်မပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


No comments:
Post a Comment