Sunday, November 1, 2026

၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဆက်လက်ကျင်းပ

 

ရန်ကုန် အောက်တိုဘာ ၃၁

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ဆက်လက်ကျင်းပသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး စနူကာ 15-Red, 9 Ball Pool, စနူကာ 6-Red နှင့် ဘိလိယက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြသည်။

အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် စနူကာ 15-Red ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အောင်ညီညီမောင်က ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းမှ သက်လှိုင်ဝင်းကို ရလဒ် (၃) မှတ် (၂) မှတ်ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်အသင်းမှ အာကာလင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းမှ စိုးမိုးကို ရလဒ် (၃) မှတ် (၁) မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ မာန်ဟိန်းကျော်က မကွေးတိုင်းဒေသကြီးအသင်းမှ သက်နောင်ဝင်းကို ရလဒ် (၃) မှတ် (၂) မှတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ ငြိမ်းပြည့်ဖြိုးက ရခိုင်ပြည်နယ်အသင်းမှ မျိုးထက်ထွန်းကို ရလဒ် (၃) မှတ် (၂) မှတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ ကောင်းစျာန်ထက်က ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းမှ မျိုးမင်းသိဏ်းကို ရလဒ် (၃) မှတ် (၁) မှတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ ရဲရင့်မှူးက ပဲခူးတိုင်းဒေသကြီးအသင်းမှ စိုးမိုးသန်းကို ရလဒ် (၃) မှတ် ရမှတ်မရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။

စနူကာ 6-Red ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ မင်းစည်သူထွန်းက ရခိုင်ပြည်နယ်အသင်းမှ ထွန်းထွန်းလင်းကို ရလဒ် (၄) မှတ် ရမှတ်မရှိဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ သော်တာမင်းက ပဲခူးတိုင်းဒေသကြီးအသင်းမှ အောင်ပိုင်ဖြိုးကို ရလဒ် (၄) မှတ် (၃) မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ သူရဇော်က ကချင်ပြည်နယ်အသင်းမှ ရှိုင်းဝဏ္ဏထွန်းကို ရလဒ် (၄) မှတ် ရမှတ်မရှိဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းမှ ချစ်မိုးက မွန်ပြည်နယ်အသင်းမှ ဇော်မောင်မောင်ကို ရလဒ် (၄) မှတ် (၁) မှတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ ကိုကိုချစ်က မန္တလေးတိုင်းဒေသကြီးအသင်းမှ ချစ်မျိုးဦးကို ရလဒ် (၄) မှတ် (၂) မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အောင်နိုင်စိုးက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ကောင်းမြတ်ဦးကို ရလဒ် (၄) မှတ် (၁) မှတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။

ဘိလိယက်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ သီဟံစိုးက မွန်ပြည်နယ်အသင်းမှ ဝင်းဝင်းထွန်းကို ရလဒ် (၃) မှတ် (၁) မှတ်ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်အသင်းမှ ခင်မောင်တင့်က ပဲခူးတိုင်းဒေသကြီးအသင်းမှ စိုးသီဟကို ရလဒ် (၃) မှတ် (၂) မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ ရဲလင်းက ကချင်ပြည်နယ်အသင်းမှ ကျော်စိုးအောင်ကို ရလဒ် (၃) မှတ် (၁) မှတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ ကျော်ဌေးက ရခိုင်ပြည်နယ်အသင်းမှ ဇော်နီထွန်းကို ရလဒ် (၃) မှတ်ရမှတ်မရှိဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျော်စွာဝင်းက ကရင်ပြည်နယ်အသင်းမှ ရဲရင့်ရှိုင်းကို ရလဒ် (၃) မှတ် ရမှတ်မရှိဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ နေလင်းဦးက စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ကျော်ဝင်းကို ရလဒ် (၃) မှတ် ရမှတ်မရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။

အလားတူ အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်အဖြစ် 9 Ball Pool ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မေဇွန်မိုးက ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စုနန္ဒာနွေးကို ရလဒ် (၅) မှတ် ရမှတ်မရှိဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ခင်ဝိုင်းချစ်က ကချင်ပြည်နယ်အသင်းမှ သီတာငြိမ်းကို ရလဒ် (၅) မှတ် (၃) မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ ခိုင်မာအောင်က တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ဆုသက်ပိုင်ကို ရလဒ် (၅) မှတ် (၃) မှတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ မေချော့က ရခိုင်ပြည်နယ်အသင်းမှ သန်းသန်းအေးကို ရလဒ် (၅) မှတ် (၄) မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ ခေါန့်ဆန့်က မန္တလေးတိုင်းဒေသကြီးအသင်းမှ ပြည့်ဖြိုးမြတ်ကို ရလဒ် (၅) မှတ် (၃) မှတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ နွယ်နီလင်းက ရခိုင်ပြည်နယ်အသင်းမှ မြင့်မြတ်သူကို ရလဒ် (၅) မှတ် (၁) မှတ်ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်အသင်းမှ တင်မျိုးလှိုင်က ကချင်ပြည်နယ်အသင်းမှ အေးမြတ်မွန်ကို ရလဒ် (၅) မှတ် (၄) မှတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ ဝင်းမာလာအောင်က ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မေဇွန်မိုးကို ရလဒ် (၅) မှတ် (၁) မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ သက်ဝါဝင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းမှ စိုးစိုးကို ရလဒ် (၅) မှတ် (၁) မှတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်

 

No comments:

Post a Comment