Tuesday, November 10, 2026

အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်မှုကို ဥပဒေနှင့်အညီ ခွင့်ပြုပေးလျက်ရှိ

 


နေပြည်တော် နိုဝင်ဘာ ၉

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်း စုစုပေါင်း ၃၀၀၆ ဖွဲ့ ရှိခဲ့ရာမှ ယခုအခါ ၃၁၄၅ ဖွဲ့အထိ ဖွဲ့စည်း ပြီးဖြစ်သည့်အတွက် ၁၃၉ ဖွဲ့ တိုးမြှင့်ဖွဲ့စည်း နိုင်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဧပြီလမှ ယနေ့အထိ အခြေခံအလုပ်သမား အဖွဲ့အစည်း ၁၁ ဖွဲ့၊ မြို့နယ်အလုပ် သမားအဖွဲ့အစည်းတစ်ဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အလုပ်သမား အဖွဲ့အစည်းတစ်ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် တစ်ဖွဲ့ စုစုပေါင်း ၁၄ ဖွဲ့ တိုးမြှင့်ဖွဲ့စည်းခဲ့ခြင်းကြောင့် လက်ရှိနိုင်ငံတော် အစိုးရသည် အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်မှုကို ဥပဒေနှင့်အညီ ခွင့်ပြုပေး လျက်ရှိသည့်အပြင် အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာအခွင့်အရေးများ အပြည့်အဝရရှိ အောင် အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၁၁ ခုနှစ်၊ အလုပ် သမားအဖွဲ့အစည်း ဥပဒေအရ အလုပ်သမားနှင့်အလုပ်ရှင်အဖွဲ့ အစည်းများကိုဖွဲ့စည်းခွင့်ပြုရန် တင်ပြလာခြင်းအပေါ် စိစစ်၍ အသိအမှတ်ပြု လက်မှတ်များ အချိန်နှင့်တစ်ပြေးညီထုတ်ပေးသည့် အခမ်းအနားမှသိရသည်။

အသိအမှတ်ပြုလက်မှတ်ပေးအပ်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ရန်ကုန်တိုင်းဒေသကြီးမှ မြန်မာ့ကမ်းရိုးတန်းသွား သင်္ဘောသားအလုပ် သမားများအဖွဲ့ချုပ် (Myanmar Coastal Seafarers Federation-MCSF) ၊ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့မှ Ayeyarwaddy Success Venture Foods (MDY) စားသောက်ကုန် အခြေခံအလုပ် သမားအဖွဲ့အစည်း၊ ပဲခူးတိုင်း ဒေသကြီး သာယာဝတီမြို့မှ Heri Garment အထည်ချုပ် အခြေခံ အလုပ်သမား အဖွဲ့အစည်း၊ တောင်ငူမြို့မှတင်တင်စိန် အိတ်ချုပ် အခြေခံအလုပ်သမား အဖွဲ့အစည်း၊ ပဲခူးမြို့မှ I Like Food စားသောက်ကုန် အခြေခံအလုပ် သမားအဖွဲ့အစည်း စုစုပေါင်း အလုပ်သမားအဖွဲ့အစည်း ငါးဖွဲ့ တို့ကို အလုပ်သမားအဖွဲ့အစည်း အဖြစ် အသိအမှတ်ပြုလက်မှတ် ပုံစံ (၇) ပေးအပ်ခဲ့ပြီး အလုပ်သမားအဖွဲ့အစည်းများကိုယ်စား မြန်မာ့ကမ်းရိုးတန်းသွား သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment