ရန်ကုန် နိုဝင်ဘာ ၂
အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ် (၁၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ပြောကြား
အခမ်းအနားတွင်
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက နိုင်ငံတော်၏စီမံအုပ်ချုပ်ရေးယန္တရားတွင်
အလယ်အလတ်အဆင့် အရာထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ နိုင်ငံ့ဝန်ထမ်းတစ်ဦးချင်းစီ၏
စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်မှုမှအစပြုပြီး လုပ်ငန်းခွင်၌ အစုအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်မှု
အလေ့အကျင့်ကောင်းများရရှိစေရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများဖြစ်လာစေရန်၊
စီမံခန့်ခွဲမှုအလေ့အကျင့်ကောင်းများရရှိစေရန်နှင့် သစ္စာ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံသော
ဝန်ထမ်းကောင်းများဖြစ်စေရန်ရည်ရွယ်ပြီး လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း၊ “နိုင်ငံတည်ထောင်မှု
ပြည်သူနဲ့ဝန်ထမ်း လက်တွဲပြု” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ကျေးဇူးသစ္စာကို
စောင့်သိရိုသေပြီး ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်သော အရာထမ်းများဖြစ်စေရန်
ကြိုးစားလေ့လာသင်ယူသွားကြရန် ပြောကြားသည်။
အလယ်အလတ်အဆင့်
အရာထမ်းသင်တန်းအမှတ်စဉ် (၁၆)သို့ သင်တန်းသား ၇၃ ဦး၊ သင်တန်းသူ ၇၇ ဦး စုစုပေါင်း ၁၅၀
ဖြင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂ ရက်မှ ၂၀၂၇ ခုနှစ် မတ် ၁၉ ရက်အထိ ရက်သတ္တ ၂၀ ကြာ ဖွင့်လှစ်မည်ဖြစ်သည်။
ဖွင့်ပွဲအပြီးတွင်
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် ရတနာသိင်္ဃခန်းမ၌ အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်
(၁၆)၊ စာရေးဝန်ထမ်းကြီးကြပ်သင်တန်းအမှတ်စဉ် (၁၀၀)၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၂၂၀)မှ
သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ခရေဆောင်စားရိပ်သာ၌ အရာထမ်းငယ်သင်တန်း
အမှတ်စဉ် (၁၃၈)မှ သင်တန်းသူများနှင့် နေ့လယ်စာ အတူတကွသုံးဆောင်ကာ တက္ကသိုလ်၏ရွှေရတုပြခန်းနှင့်
စာကြည့်တိုက်တို့ကိုလည်းကောင်း၊ တက္ကသိုလ်အတွင်း စိုက်ပျိုးထားသော ရာသီသီးနှံစိုက်ခင်းနှင့်
တစ်သျှူးငှက်ပျောစိုက်ခင်းတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများနှင့်စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment