နေပြည်တော် နိုဝင်ဘာ ၉
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲ သော ငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး လုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် အရပ်ဘက် လူမှုအဖွဲ့အစည်း များအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော ငြိမ်းချမ်းရေးမူဝါဒများနှင့် NSPNC ၏ လက်ရှိ ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် သိရှိနားလည်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်- ၂၀ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊
အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများ၊
သက်ဆိုင်ရာကျွမ်းကျင်ပညာရှင် များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က
ယနေ့တွေ့ဆုံပွဲသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုများအား
အရပ်ဘက်လူမှုအဖွဲ့အစည်းများ သိရှိစေရန် ရှင်းလင်းပြသသည့် တွေ့ဆုံပွဲဖြစ်ကြောင်း၊ ၂၀၂၁
ခုနှစ် နောက်ပိုင်းတွင်အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းများ ထပ်မံပေါ်ပေါက်လာခဲ့ကြောင်း၊
အဆိုပါပဋိပက္ခဒေသများတွင် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ဆိုင်ရာများ
ဆုတ်ယုတ်လာခဲ့သဖြင့် ပြည်သူလူထုမှ လက်မခံနိုင်တော့ဘဲ တည်ငြိမ်အေးချမ်းမှုကို လိုလားခဲ့ကြကြောင်း၊
အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခြင်း၊
သဘာဝသယံဇာတများ တူးဖော်ခြင်း၊ နယ်စပ်ဖြတ်ကျော်မှုခင်းမျိုးစုံကို ကျူးလွန်ဖောက်ဖျက်ခြင်းနှင့်
တရားမဝင်လုပ်ငန်း များဖြင့် အဖွဲ့အစည်း၏ ရပ်တည်ချက်အတွက် ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း၊
အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် မိမိတို့အဖွဲ့အလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို
အခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ပေးစေလို
ကြောင်း၊ NSPNC အနေဖြင့် လာရောက်ဆွေးနွေးသည့် EAO များ၏ နိုင်ငံရေးလိုလားချက်၊ လိုအင်ဆန္ဒများအား
တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မှုကို ဆွေးနွေးအဖြေရှာ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊
အရပ်ဘက်လူမှုအဖွဲ့ အစည်းများအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်သူလူထု ပူးပေါင်းပါဝင်လာအောင်
ကူညီဆောင်ရွက်ပေးခြင်းဖြင့် တည်ငြိမ်အေးချမ်းမှုများ လျင်မြန်စွာရရှိနိုင်မည်ဖြစ်ကြောင်းနှင့်
ယနေ့ဆွေးနွေးပွဲတွင် အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်
ပါဝင်ဆောင်ရွက်နိုင်မှုအခြေအနေ၊ ချိတ်ဆက်ဆောင်ရွက်နိုင်မှု အခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသောအခြေအနေများအပေါ်
ကောင်းမွန်မည့် အကြံဉာဏ် များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေး စေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင် မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး
မင်းနိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၏ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊
ဒီမိုကရေစီအစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
အကူအညီများပေးအပ်နိုင်မှုများ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု
လုပ်ငန်းစဉ်အတွက်မူဝါဒ၊ မဟာဗျူဟာနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍
ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ညှိနှိုင်းရေးကော်မတီ ဝင် ဒုတိယဗိုလ်ချုပ်ကြီး
ခင်ဇော်ဦး(အငြိမ်း စား) က NCA ၏ အနှစ်သာရနှင့် အောင်မြင် မှုများအပေါ် အခြေခံသော ပိုမိုပါဝင်နိုင်သည့်
ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆိုင်ရာမူဘောင်အား ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြသူများက NSPNC
က ဆောင်ရွက်လျက်ရှိ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိရသဖြင့်အရပ်ဘက်
လူမှုအဖွဲ့အစည်းများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပိုမိုပါဝင် ခွင့်ပြုပေးသင့်ကြောင်း၊
နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် ကုန်သွယ်ရေးလမ်းကြောင်းများသည် အဓိကအရေးပါ
နေပါကြောင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူမှုရေးလုပ်ဆောင်မှုနှင့်အတူ
ပူးပေါင်းပါဝင်နိုင်ကြောင်း၊ လက်ရှိငြိမ်းချမ်း ရေးဖော်ဆောင်နေမှုများကို ပြည်သူများအားလုံး
သိရှိအောင်ဆောင်ရွက်ပေးစေလိုကြောင်း၊ ပဋိပက္ခများကြောင့် လူမျိုးဘာသာမရွေး ပြည်သူများ
ဒုက္ခခံစားကြရကြောင်းနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး၊
လူမှုရေးလုပ်ငန်းများနှင့်ဆက်စပ် လုပ်ဆောင်ရေး၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများအနေဖြင့်
အဖွဲ့အလိုက်ကျွမ်းကျင်မှုနှင့်အတူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်
သွားကြရေး၊ NSPNC မှ ဆောင်ရွက်ခဲ့သည့် ဖိုရမ်၊ အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိလာသော
အကြံပြုချက်များအနက် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက် နိုင်မည့်အချက်များကို မြေပြင်အခြေအနေ
မှန်အားအခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရေး၊ မြန်မာ့ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်
အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပေါ်လာသော
အခြေအနေများကို မှန်ကန်စွာ သိရှိပြီးပြည်သူများ နားလည်သိရှိစေရန်အသိပညာပေးခြင်းများ
ပိုမိုဆောင်ရွက်ရေး၊ လူငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင် ပေးနိုင်ရေးအတွက် လိုအပ်သောစွမ်းရည်
မြှင့်သင်တန်း များဖြင့် အားဖြည့်ကူညီ ဆောင်ရွက်ပေးသွားနိုင်ရေး၊ ဘာသာရေး အဖွဲ့အစည်းများအနေဖြင့်လည်း
ပဋိပက္ခများရပ်စဲပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရန်တတ်နိုင်သမျှ ဆောင်ရွက်နိုင်ရေး၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်များတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ဖိုရမ်များ ဆောင်ရွက်ပေးရေးနှင့် ငြိမ်းချမ်းရေးကို
တည်ဆောက်၍ ပဋိပက္ခများကို လျှော့ချနိုင်စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရေးတို့ကို
အကြံပြုဆွေးနွေးကြသည်။
ထို့နောက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က
နိဂုံးချုပ်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲအား ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment