ရန်ကုန် နိုဝင်ဘာ ၁
ဘိလိယက်နှင့်စနူကာ အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ဆက်လက်ကျင်းပခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး စနူကာ 6-Red, 9 Ball Pool, နှင့် ဘိလိယက်ပြိုင်ပွဲများကို အသီးသီးယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များအဖြစ် စနူကာ 6-Red ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ မြသက်မှူးက ကချင်ပြည်နယ်အသင်းမှ နှင်းပြည့်ပြည့်ကို ရလဒ် သုံးပွဲ-နှစ်ပွဲဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စန်းစန်းမော်က ဧရာဝတီတိုင်းဒေသကြီးအသင်းမှ သက်နှင်းဝေကို ရလဒ် သုံးပွဲ - နှစ်ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အေမီအောင်က မန္တလေးတိုင်းဒေသကြီးအသင်းမှ မျိုးမြတ်သူကို ရလဒ်သုံးပွဲ-ပွဲမရှိဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ဖြူစင်အောင်က မွန်ပြည်နယ်အသင်းမှ ဝေသဇင်လှိုင်ကို ရလဒ်သုံးပွဲ - ပွဲမရှိဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ အေးအေးမြတ်က မွန်ပြည်နယ်အသင်းမှ နှင်းအိအိရွှေကို ရလဒ်သုံးပွဲ-ပွဲမရှိဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ ဆုပြည့်စုံက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ရွှေရည်ဦးကို ရလဒ် သုံးပွဲ-ပွဲမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
အလားတူ အမျိုးသားပြိုင်ပွဲ ပွဲစဉ်အဖြစ် 9 Ball Pool ပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းမှ အောင်မြင့်က မန္တလေးတိုင်းဒေသကြီးအသင်းမှ ကျော်ဇင်သန့်ကို ရလဒ် ခုနစ်ပွဲ-လေးပွဲဖြင့်လည်းကောင်း၊ ချင်းပြည်နယ်အသင်းမှ လွင်မိုးဦးက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ကောင်းပြည့်ကြွယ်ကို ရလဒ် ခုနစ်ပွဲ-သုံးပွဲဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ နေမင်းထွန်းက မကွေးတိုင်းဒေသကြီးအသင်းမှ ကျော်ဝေယံစိုးကို ရလဒ် ခုနစ်ပွဲ-နှစ်ပွဲဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ စိုင်းကွမ်းမိုင်းက ရန်ကုန် တိုင်းဒေသကြီးအသင်းမှ မျိုးသူရအောင်ကို ရလဒ် ခုနစ်ပွဲ-လေးပွဲဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ စိုင်းစုံစိုင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ရာဇာဟန်ကို ရလဒ် ခုနစ်ပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အောင်ဖြိုးက မန္တလေး တိုင်းဒေသကြီးအသင်းမှ သက်ဦးကို ရလဒ် ခုနစ်ပွဲ-ငါးပွဲဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ခန့်မင်းထွန်းက ကရင်ပြည်နယ်အသင်းမှ ခွန်ရဝေထွဋ်ကို ရလဒ်ခုနစ်ပွဲ-ခြောက်ပွဲဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ သန်းထွန်းအောင်က ကချင်ပြည်နယ်အသင်းမှ မိုးဝင်းကို ရလဒ် ခုနစ်ပွဲ-သုံးပွဲဖြင့်လည်းကောင်း၊ ဘိလိယက်ပြိုင်ပွဲတွင် ချင်းပြည်နယ်အသင်းမှ ဇော်လင်းနုက မကွေးတိုင်း ဒေသကြီးအသင်းမှ လင်းအောင် ကို ရလဒ် သုံးပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ဇင်မင်းက မန္တလေးတိုင်းဒေသကြီးအသင်းမှ အေးမင်းကို ရလဒ် သုံးပွဲ-ပွဲမရှိဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ တေဇာအောင်က ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ရဲထွဋ်ဦးကို ရလဒ် သုံးပွဲ-နှစ်ပွဲဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းမှ သီဟံစိုးက ပြည်ထောင်စုနယ်မြေ နေပြည် တော်အသင်းမှ ကျော်ဝေထိုက်ကို ရလဒ် သုံးပွဲ-ပွဲမရှိ ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်အသင်းမှ ခင်မောင်တင့်က ရှမ်းပြည်နယ်အသင်းမှ ရဲလင်း ကို ရလဒ် သုံးပွဲ-နှစ်ပွဲဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ဝင်းကိုကိုက မကွေးတိုင်းဒေသကြီးအသင်းမှ ကျော်ဌေးကို ရလဒ် သုံးပွဲ-ပွဲမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီမှစတင် ၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွား မည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment