နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ဒီပါဝလီပွဲတော်အကြိုအထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆွမ်းစားဆောင်၌ ကျင်းပသည်။
ဆွမ်း ဆက်ကပ်လှူဒါန်းပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသအမှူးပြုသည့် ဆရာတော်ကြီးများကြွရောက်ကြပြီး ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မြင့်၊ သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသိန်းလွင်၊ မြန်မာ-အိန္ဒိယအပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ဆွမ်းဆက်ကပ်လှူဒါန်းပွဲတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြကာ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ဆရာတော်ကြီးများအား တစ်နေ့တာဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment