Thursday, November 19, 2026

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်သိုလှောင်ရုံများတွင် အရန်ဆန်များ သိုလှောင်ထားရှိ

ရန်ကုန် နိုဝင်ဘာ ၁၈

အယ်လ်နီညိုသဘာဝဖြစ်စဉ်များကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံတော်အတွင်း စားနပ်ရိက္ခာများအရေးပေါ်လိုအပ်ပါက သုံးစွဲနိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် အရန်ဆန်စုဆောင်းရေးစီစဉ်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်သိုလှောင်ရုံများတွင် အရန်ဆန်များ သိုလှောင်ထားရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အရန်ဆန်စုဆောင်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

သိုလှောင်မည့် အရန်ဆန်များ သတ်မှတ်သိုလှောင်ရုံများသို့ရောက်ရှိမှု၊ လက်ခံသိုလှောင်ထားရှိမှု အခြေအနေကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အရန်ဆန်စုဆောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာ သိုလှောင်ရုံများသို့ အရန်ဆန်များအပြည့်အဝရောက်ရှိစေရေး၊ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီမှုရှိစေ‌ရေး၊ လေလွင့်ပျက်စီးမှုများ မဖြစ်စေရေးတို့နှင့်စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment