Saturday, November 21, 2026

ရန်ကုန်မြို့ရှိ စာတိုက်စခန်း၊ ဒေတာစင်တာနှင့် ဆက်သွယ်ရေးရုံးများအား ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် ကြည့်ရှုစစ်ဆေး

 


ရန်ကုန် နိုဝင်ဘာ ၂၀

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မြန်မာ့စာတိုက်လုပ်ငန်း၏ ရန်ကုန်စာရွေးစာပို့လုပ်ငန်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဘုရင့်နောင်ဒေတာစင်တာ၊ လမ်း (၄၀) ဆက်သွယ်ရေးရုံး၊ ပန်းဆိုးတန်းဆက်သွယ်ရေးရုံးနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးရုံး) တို့၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

စစ်ဆေးစဉ် မြန်မာ့စာတိုက်လုပ်ငန်း၊ ရန်ကုန်စာရွေးစာပို့လုပ်ငန်း၌ စာနှင့်ပါဆယ်များ မြို့နယ်များအလိုက် ရွေးချယ်၊ ထုပ်ပိုး၊ ပို့ဆောင်ပေးနေမှု၊ အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်းများ ဝန်ဆောင်မှုဆောင်ရွက်ပေးနေမှု၊ ဘုရင့်နောင်ဒေတာစင်တာ၌ ဆာဗာများနှင့် ဒေတာအချက်အလက် လုံခြုံရေးစနစ်များ စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နေမှုနှင့် အော်တိုတယ်လီဖုန်း၊ မိုဘိုင်းနှင့် အင်တာနက်စနစ် ဆက်သွယ်ရေးစက်ခန်းများ လည်ပတ်နေမှုကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လမ်း (၄၀) ဆက်သွယ်ရေးရုံးနှင့် ပန်းဆိုးတန်းရုံးတို့သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်သွယ်ရေးစက်ခန်းများ လည်ပတ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ဆောင်မှုအရည်အသွေး ပိုမိုကောင်းမွန်စေရေး မှာကြားသည်။

ထို့နောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးရုံး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စာပို့တိုက်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ချောမွေ့မြန်ဆန်စွာ ဝန်ဆောင်မှုပေးနိုင်ရေး၊ ဒေတာစင်တာနှင့်စက်ပစ္စည်းများ၊ သတင်းအချက်အလက်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment